ဖားကန့်တွင် အရပ်သားပြည်သူ ၃၀ ကို စစ်ကောင်စီအဖွဲ့ အကြောင်းမဲ့ ဖမ်းဆီးထား

ဖားကန့်တွင် အရပ်သားပြည်သူ ၃၀ ကို စစ်ကောင်စီအဖွဲ့ အကြောင်းမဲ့ ဖမ်းဆီးထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် စစ်ကောင်စီအဖွဲ့က ယမန်နေ့ ၄ နာရီဝန်ကျင်အချိန် အရပ်သားပြည်သူ ၃၀ ကျော်ကို အတင်းအဓမ္မ အကြမ်းဖက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီအဖွဲ့က ဖားကန့်မြို့ပေါ်ဘက်မှ မှော်စီဆာကျေးရွာသို့ ဝင်ရောက်လာပြီး အမျိုးသမီးများအပါအဝင် ရေမဆေးသမားများနှင့် ကုမ္ပဏီလုပ်သားတစ်ချို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“စစ်သားတွေနဲ့က စစ်ဝတ်စုံအပြည့်နဲ့ သေနတ်တွေဖောက်ပြီး ဝင်ရောက်လာကြတာဟုတ်တယ်။ သူတို့ဝင်လာတဲ့အချိန် တွေ့သမျှကို ဆွဲတာပဲ အဲ့ထဲမှာ မိန်းကလေးတွေလည်းပါသွားတယ်။ အများပိုင်းတော့ ရေမဆေးသမားတွေဟုတ်တယ်။ ဖမ်းဆီးသွားတဲ့ သူတွေကို လက်ပြန်ကြိုးတုတ်ပြီးတော့ ဖားကန့်ဘက်ကိုခေါ်သွားတာ”ဟုပြောသည်။

စစ်ကောင်စီအဖွဲ့ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုအရပ်သားပြည်သူ ၃၀ ကျော်ထဲတွင် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်(၁)မှ အမျိုးသမီး ၅ ဦးပါဝင်ပြီး  မင်းနိုင်စိုးကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ကျင်းသား ၁၃ ဦးပါဝင်ကာ ကျန်ရှိသူများသည် ရေမဆေးသမားများသာဖြစ်ကြောင်းသိရသည်။

“မှော်စီဆာက မြေစာပုံမှာ လူနေအိမ်တွေရှိတယ်။ အောင်သာယာ(၁)နဲ့ (၂) ၂နေရာဆိုပြီး သူတို့က ဝင်ဖမ်းကြတာ။ ဒါပေမယ့် အောင်သာယာ (၁)မှာပဲဝင်ဖမ်းသွားကြတယ်။ ဒီကနေ့အထိတော့ ပြန်လွတ်လာတာ မကြားရသေးဘူး”သတင်းအရင်းအမြစ်က ဆက်ဆိုသည်။

အဆိုပါ စစ်ကောင်စီအဖွဲ့သည် အရပ်သားပြည်သူများကို ဝင်ရောက်ဖမ်းဆီချိန်တွင် လက်နက်ငယ်များ မိုးပေါ်ထောင် ရမ်းသမ်းပစ်ခတ်ခြင်းဖြင့် ၅ နာရီခန့်အထိ လုပ်ဆောင်ပြီး ဖားကန့်ဘက်သို့ ပြန်လည်လှည့်ပြန်သွားခဲ့ကြောင်း ဒေသခံများပြောသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့က အရပ်သားပြည်သူများကို မကြာခဏရိုက်နက် ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့တွင်း မြို့ပြင်နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ထားပြီး သွားလာသည့် အပြည်သူများကို စစ်ဆေးမှုများတင်းကြပ်ထားသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...