လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း (၅၀) အသစ်ထပ်မံထောက်ပံ့ကြောင်း အမေရိကန်သံရုံးထုတ်ပြန်

လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း (၅၀) အသစ်ထပ်မံထောက်ပံ့ကြောင်း အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း (၅၀) အသစ်ထပ်မံ ထောက်ပံ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အထဲတွင် အဆိုပါထောက်ပံ့မှုသည် မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့် နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသားချင်းဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အသစ်ထပ်မံထောက်ပံ့သွားမည်ဟု ဖော်ပြသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လတ်တလောထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ လူသုံးဦးမှာ တစ်ဦးနှုန်းဖြစ်သည့်  လူဦးရေ ၁၇ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကိုလိုအပ်လျက်ရှိကြောင်း သိရှိရသည်။ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတော့ နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူဦးရေဟာ တစ်သန်းတောင် မပြည့်ခဲ့ဘူးလို့လည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုထောက်ပံ့မှုဖြင့် USAID သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ပြောဆိုထားသည်။

လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းတွင် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်ပါသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်းမှ အကူအညီလိုအပ်နေသော  ပြည်သူများအတွက် အရေးပေါ်အသက်ကယ်ဆယ်ရေး အထောက်အပံ့များပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မြန်မာပြည်သူများအတွက် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်ဆီသို့ ငြိမ်းချမ်းစွာရှေးရှုဆောင်ရွက်နေကြသူများကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် USAID ၏ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုများနှင့် ပတ်သက်ပြီး လတ်တလောဆောင်ရွက်မှုများအကြောင်းကို သိရှိလိုပါက www.usaid.gov/humanitarian-assistance/burma-bangladesh တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း ဖော်ပြထားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...