ဂိတ်စခန်းတစ်ခုကို မွန်အခြေစိုက် တော်လှန်ရေး အဖွဲ့က ဝင်တိုက်

ဂိတ်စခန်းတစ်ခုကို မွန်အခြေစိုက် တော်လှန်ရေး အဖွဲ့က ဝင်တိုက်

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်းက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် အယုတောင်ကျေးရွာ အခြေစိုက် စစ်ကောင်စီ ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်စခန်းကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း တာဝန်ရှိသူက “ခမရ-၅၈၇ ကင်းဂိတ်စခန်းက စခ သေဆုံး အထိအခိုက်စာရင်း အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။ စစ်ကောင်စီ စကခ (၁၉) လက်အောက်ခံ ခမရ-၅၈၇ တပ်ရင်း ကင်းစခန်းကို မွန်ပြည်နယ်အခြေပြု တော်လှန် ရေး အဖွဲ့အစည်း (MSRO) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် ၄၀ မမဗုံးလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထား သည်။

 

ခမရ-၅၈၇ ကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေ အနေကိုမူ စုံစမ်းနေဆဲဟု မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်တပ်ကင်းဂိတ်စခန်းကို ပစ်ခက်တိုက်ခိုက်ပြီးနောက် မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO)အဖွဲ့မှ ရဲဘော်များ အန္တရာယ်ကင်းရှင်းစွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။

ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) အနေဖြင့် နောက်နောင်တွင်လည်း ရေးမြိုနယ်အတွင်း ရှိ စစ်ကောင်စီတပ်နှင့်တကွ ထောက်တိုင်များကို အလျဉ်းသင့်သလို သုတ်သင်ရှင်းလင်းသွားမည်ဟုလည်း ထုတ် ပြန်ထားသည်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ-၅၈၇ တပ်ရင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က မကြာ ခဏ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်ဟု PDF အဖွဲ့များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ကင်းစခန်းများ အပြင် စစ်ကောင်စီယာဥ်တန်းများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည့်အပြင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြားတွင်လည်း ထိတွေ့ပစ်ခတ်မှုတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေ အဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...