ကာမိုင်းစစ်တပ်ကုန်းမှ ဆန်စက်ရှိသူများထံမှတစ်ဆင့် ဆန်ဝယ်ယူသိုလှောင်ရန် စီစဉ်နေသောကြောင့် ဆန်ဈေးနှုန်းမြင့်တက်

ကာမိုင်းစစ်တပ်ကုန်းမှ ဆန်စက်ရှိသူများထံမှတစ်ဆင့် ဆန်ဝယ်ယူသိုလှောင်ရန် စီစဉ်နေသောကြောင့် ဆန်ဈေးနှုန်းမြင့်တက်

ဖားကန့်မြို့နယ်၊ကာမိုင်းမြို့က ဆန်စက်ရှိသူတွေဆီကနေ ဆန်တွေတစ်ဆင့် ဝယ်ယူပြီး သိုလှောင်သိမ်းဆည်းထားဖို့ ကာမိုင်းစစ်တပ်ကုန်းကနေ စီစဉ်ဆောင်ရွက်နေတာကြောင့် စပါးနဲ့ဆန်းဈေးတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာမိုင်းမြို့အတွင်း ဆန်ဈေးနှုန်းတွေ ချက်ချင်းမြင့်တက်သွားပြီး စပါး တစ်တင်းကို ၁၈,၀၀၀၊ ငွေတိုးဆန် တစ်ပြည် ၁,၈၀၀၊ တစ်အိတ်ကို ၆၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိသွားပြီးတော့ ဈေးမတက်ခင်က ဆန်တစ်အိတ်ကို ၅၀၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တာပါ။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေစပြီး ဆန်စက်အကြီးရှိသူတွေဆီကနေ ဆန်အိတ်(၂၀၀)၊ ဆန်စက် အသေးရှိသူတွေဆီကနေ ဆန်အိတ်(၁၅၀)စီ ဝယ်ယူသွားမှာဖြစ်ပြီး ကာမိုင်းဗျူဟာကုန်းဘက် လာပို့ကြဖို့ ဖိအားပေးထားတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကာမိုင်းဗျူဟာမှူးကိုယ်တိုင် ဆန်အိတ်တွေကို ဝယ်ယူမယ်လို့ ဖိအားပေးပြီးတဲ့နောက်ပိုင်း တချို့ ဆန်စက်ရှိသူတွေဟာ ဗျူဟာကုန်းဘက် ပို့နေကြသူတွေရှိသလို စပါးစတင်ကြိတ်နေသူတွေလည်း ရှိနေပြီလို့ ကာမိုင်းဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“သူတို့ အရမ်းဝယ်လို့ ဆန်၊ စပါးတွေ ဈေးတက်ကုန်တာ။ သူတို့စစ်တပ်ကနေ ဆန်စက်ရှိတဲ့သူတွေကို ဖိအားပေးတာလေ။ နင်တို့ ဆန်စက်တွေ အိတ်(၂၀၀)မရောင်းမနေရ၊ အဲဒီလို စစ်တပ်ကုန်းဘက် အကုန် သိုလှောင်နေတာ။”လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ ကာမိုင်းမြို့အတွင်း ဆန်ကြိတ်စက်ကြီး (၆)ခုလောက်ရှိပြီး အခုလို ကာမိုင်းစစ်တပ် ဗျူဟာကုန်းကနေ ဆန်တွေဝယ်မယ်လို့ ပြောဆိုထားတာဟာ မှန်ကန်တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွင်းမှာလည်း ဆန်ဈေးတွေ မြင့်တက်နေပြီး Export တင်ပို့တာနဲ့ အောက်ပိုင်းကနေ ဝယ်ယူမှုများနေတာကြောင့် ဖြစ်တယ်လို့လည်း ကချင်ပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...