ဖားကန့်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေ

ဖားကန့်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်းသိရသည်။

ဖားကန့်မြို့ပေါ်၊ လုံးခင်းကျေးရွာနှင့် အခြားနေရာများတွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှစတင်ကာ ဆီပန့်ဆိုင်များစတင်ပိတ်ခဲ့ရာ  လက်ရှိအချိန်တွင် ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားကြောင်းနှင့် ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း လုံးခင်းကျေးရွာမှ အမျိုးသား တစ်ဦးက KNG ကို ပြောသည်။

”ဒီနေ့တော့အားလုံးနီးပါးပိတ်ထားတယ်ဗျ။ မနေ့ကတော့တစ်ဆိုင်နှစ်ဆိုင်ဖွင့်တာရှိတယ်။ ဒါတောင် တစ်နေကုန်မဖွင့်ဘူး။ အချိန်ပိုင်းပဲဖွင့်တာ ဖားကန့်လုံးခင်း တမြို့နယ်လုံးလို့ ပြောလို့ရတယ်။ ဒီဘက်ကတော့ အားလုံးနီးပါး ပိတ်ထားကြပြီ”ဟုပြောသည်။

ယမန်နေ့အထိ လုံးခင်းကျေးရွာမှ ဆီဆိုင် ၂ ဆိုင်နှင့် ဖားကန့်မြို့ပေါ်မှ ဆီဆိုင် ၃၊ ၄ ဆိုင်ခန့်သာ မနက်ပိုင်းဖွင့်ထားပြီး ယနေ့ အားလုံးနီးပါး ပိတ်နေကြောင်း ပိတ်ထားသည့်ဆိုင်များတွင် ဒီဇယ်ဝယ်ယူ၍ရသော်လည်း ဓာတ်ဆီဝယ်ယူ၍ မရကြောင်း ဒေသခံများထံမှသိရသည်။

”ဓာတ်ဆီမရတော့ဆိုင်တွေကပိတ်ထားတယ်။ ဒီဇယ်ကအဲ့လောက် အသုံးမပြုကြဘူးလေ။ ဓာတ်ဆီကလောလောဆယ် လမ်းဘေးဆိုင်တွေမှာ ပုလင်းချိန်ရတယ်။ ဒါပေမယ့်အများကြီးမရဘူး”ဟုဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။

အပြင် ပုလင်းချိန်ရောင်းသည့်ဆိုင်များတွင် တစ်ပုလင်း ၃၀၀၀ မှ ၄၀၀၀ အထိရှိပြီး ဒီဇယ်မှာ တစ်ဂါလံ ၁၄၀၀၀ ရှိကြောင်း သိရသည်။

ဖားကန့်ဒေသရှိ  ရွှေစင်ဝင်း၊ ကြယ်စင်လင်း၊ ထိပ်တန်းအောင် ၊ တော်ဝင် အစရှိသည့် ဆီပန့်ဆိုင်များ ယနေ့ အထိ အားလုံးပိတ်ထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ဆီပန့် ဆိုင်များပိတ်ထားခြင်းမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၆ ရက်နေ့မတိုင်မှီ ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီကား အဝင်ပိတ်ထားသောကြောင့်ဟုသိရပြီး လက်ရှိ ဆီလက်ကျန်ကုန်နေသဖြင့် ဆီပန့်ဆိုင်များအားလုံးနီးပါးပိတ်ထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီအပါ အခြားကုန်စည်များ ခရီးသည်များဝင်ရောက်နိုင်သည့် လမ်းကြောင်းမှာမိုးညှင်း–အင်းတော်ကြီး–ဖားကန့်လမ်းနှင့် မိုးကောင်း–နန့်ယား– ဖားကန့်လမ်း ၂ လမ်းသာရှိပြီး မိုးညှင်း–အင်းတော်ကြီး–ဖားကန့်လမ်းကိုမှုစစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်ထားသည်။

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...