စစ်ကောင်စီ ဖမ်းသွားသော မိုးညှင်းမြို့နယ် နမ္မားဒေသခံ ၃၀ ပြန်လွတ်

စစ်ကောင်စီ ဖမ်းသွားသော မိုးညှင်းမြို့နယ် နမ္မားဒေသခံ ၃၀ ပြန်လွတ်

နမ္မားဒေသအတွင်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် ဒေသခံ အယောက် ၃၀ ပြန်လည်လွတ် မြောက်လာပြီဟု ဒေသခံများက ပြောသည်။

မိုးညှင်းအတွင်းရှိ နမ္မားကျေးရွာအုပ်စုထဲက ရွာသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဖမ်းဆီးရိုက်နှက်ပြီး နောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဒေသခံအမျိုးသမီးတစ်ဦးက “မနေ့က ညနေ (ဖေဖော်ဝါရီလ ၁၄ ရက်နေ့) က လွှတ်ပေးခဲ့တယ်။ လွှတ်ပေးပြီး တောင်းလည်း တောင်းပန်ခဲ့တယ်။ ကျနော်တို့က သတင်းမှားရလို့ ခေါ်မိတာပါတဲ့။ ပထမရက်ကတော့ ဒူးတွေ ထောက်၊ ကြိုးတွေချည်၊ လက်တွေမြှောက်ခိုင်းပြီးတော့ အခုကျတော့ သတင်းမှာရလို့ဆိုပြီး တောင်းပန်တာ” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်န့၊ ညနေ ၆ နာရီကျော်အချိန်တွင် မိုးညှင်းခရိုင်၊ နမ္မားဒေသရှိ စစ်ကောင်စီ လက်အောက်ခံ အမြှောက်တပ်ရင်း ၃၆၇ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နမ္မားဆေးရုံအနီးက အောင်မင်္ဂလာရပ် ကွက်တွင် ကျရောက်ခဲ့ပြီး အသက် ၃၀ အရွယ် ကိုဒီပါ ဆိုသည့် ဒေသခံ အမျိုးသားတစ်ဦး ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းအချိန်၌ အလောင်းအား သင်္ဂြိုဟ်ရန်တရားနာနေကြစဥ် စစ် ကောင်စီတပ်သားများက ကိုဒီပါ၏ အလောင်းအား လုယက်သွားခြင်းဖြစ်သည်။

ထိုသို့ လုယက်သွားပြီးနောက် အသုဘအိမ်တွေရှိနေကြသည့် ဒေသခံပြည်သူ အယောက် ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ “အလောင်းလည်းရခဲ့တယ်။ လွှတ်လည်းပေးတယ်။ အားလုံးကိုတောင်းပန်ခဲ့ တယ် တဲ့။ မနေ့တုန်းက ဖမ်းခံရတာက ၃၀ လောက်ပေါ့။ အရင်ဆုံး ၂၀ လောက်ကို ဖမ်းသွားတာ။ အသုဘသတင်းမေး တဲ့ လူတွေရော၊ လာကူတဲ့လူတွေရော၊ မဏ္ဍပ်ဆောက်တဲ့လူတွေရော အကုန်ဖမ်းသွားတာ။ အိမ်ဘေးပတ်ဝန်း ကျင်က လူတွေရော၊ ညရောက်ပြန်တော့ အသုဘစောင့်ရင်းနဲ့ ဖဲရိုက်ကြတာပေါ့နော် အဲ့ဒါတွေကိုရော အကုန် ဖမ်း သွားတာ။ မနေ့ညနေကတော့ လွှတ်ပေးတယ်။ အလောင်းလည်း ပေးလိုက်တယ်။ သင်္ဂြိုလ်လိုက်ပြီ” ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် အသုအိမ်တွေ ကူညီနေသည့် ဒေသခံများကို စစ်တပ်က ဖမ်းဆီးသွားသည် ကို မသိရသော်လည်း ဖမ်းဆီးခံရစဉ်အချိန်တွင် နှိပ်စက်ခံရသူများလည်း ရှိသည်ဟု ဆိုသည်။

နမ္မားဒေသခံပြည်သူများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေတွင် စစ်တပ်က ပြန်လွှတ်ပေးခဲ့ကြပြီး နမ္မား အမြှောက်တပ် ၃၆၇ တပ်ရင်းက ပစ်ခတ်မှုကြောင့် ဒေသဆုံးသွားရသည့် ဒေသခံ ကိုဒီပါ၏ ရုပ်အလောင်းကို လည်း အလောင်းပြန်ရသည့်နေ့တွင်ပင် သင်္ဂြိုလ်လိုက်ပြီဟု ဒေသခံများက ပြောသည်။

စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသည့် ကိုဒီပါအား ကနဦးတွင် မိမိဘာသာ မိုင်းကွဲပြီး သေဆုံးခဲ့ကြောင်း ဝါဒဖြန့်ရန် စစ်တပ်က ကြိုးစားခဲ့သေးသည်ဟု မိသားစုနှင့်နီးစပ်သူများက ဆိုသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...