စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိနိုင်ဟု CDF – Paletwa ဆို

စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိနိုင်ဟု CDF – Paletwa ဆို

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း စစ်ကြောင်းဖြင့် ထိုးစစ် ဆင်လာသော စစ်ကြောင်းကို နှစ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Paletwa က ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၈ရက်နေ့ မနက် ၁၁နာရီ ဝန်းကျင်တွင် ဆမီးမြို့မှ စစ်ကြောင်းသုံး ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

အဆိုပါ စစ်ကြောင်းကို ဝါတိန် - ဟီဝါအကြား တွင် ၁၅မိနစ်အကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း CDF – Paletwa ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“ နယ်မြေရှင်းလင်းရေး လာလုပ်ကြတာ ၊ ပြီးရင် ထယ်ဘွေးစခန်းကို အင်အားပြန်ဖြည့် ချင်တာဖြစ်မယ် ၊ မင်းတပ်ဘက်ကနေ မတူပီကို အင်အားဖြည့်မရတော့ ပလက်ဝ ဘက်က လှည့်လာတာဖြစ်နိုင်တယ်” ဟု CDF – Paletwa ဗဟိုကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ Paul က မဇ္စျိမ ကို သုံးသပ်ပြောဆိုသည်။

အဆိုပါစစ်ကြောင်းသုံးကြောင်းမှ တစ်ကြောင်းနှင့် ပလက်ဝ အခြေစိုက် ခလရ (၂၈၉) မှ အင်အားဖြည့်တင်းထားသာ ၈၀ဦးခန့်ပါ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၁၂ရက်နေ့ မနက် ၁၀နာရီအချိန်တွင် ဆက်လက်ချုံခိုတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

ယင်းစစ်ကြောင်းသည် စိုးနီကနောင် ကျေးရွာအနီးတွင် ၄၅မိနစ်အကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦး အနည်းဆုံးရှိပြီး သေဆုံးစာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုတိုက်ပွဲကို CDF – Paletwa နှင့် CDF – Mara တပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့က ကျောက်တော် မှ ပလက်ဝဘက်သို့ စစ်သင်္ဘောနှစ်စီးဖြင့် ထပ်မံရောက်ရှိလာကြောင်း၊ ၎င်းတို့၏ အစီအစဉ်အတိအကျ မသိရှိရသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ စုစည်းနေမှုကို ဖြိုခွင်းရန် ဖြစ်နိုင်ကြောင်း Paul က သုံးသပ်ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့အနေဖြင့် အကောင်းဆုံးပြင်ဆင်ထားပြီး စစ်ဆင်ရေးနယ်မြေ အနီးရှိ ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီလ အတွင်းကလည်း CDF – Paletwa တပ်ရင်း (၂) ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၆ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကာ MA1 သေနတ် တစ်လက်သိမ်းဆည်းရခဲ့ပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...