ထားဝယ်အနီး ရဲကင်းစခန်း တစ်ခုကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

ထားဝယ်အနီး ရဲကင်းစခန်း တစ်ခုကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီက အခိုင်အမာတပ်စွဲထားသည့် ရဲကင်းစခန်းတစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တတိယအကြိမ် ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ကြရာ နှစ်ဘက် ထိခိုက်သေဆုံးမှုများ ရှိသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်-ထီးခီး ထိုင်းနယ်စပ်သွား ကားလမ်းဘေးရှိ ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် ပကာရီ ရဲကင်းစခန်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ များက နာရီဝက်အကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲကင်း အဆောက်အဦ တော်တော်များများတော့ ပျက်စီးသွားတာ မြင်ရတယ်။ စစ်ကောင်စီဘက်ကထိခိုက် ကျဆုံးမှုကတော့ စုံစမ်းနေတုန်းပါပဲ” ဟု PDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့သည် ဟု ၎င်းက ဆိုသည်။

ပကာရီရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နံနက် ၅နာရီအချိန် ခန့်ထိ ပြန်လည် ပစ်ခတ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ကလည်း ပကာရီ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး ဒုတိယအကြိမ်အဖြစ်စက်တင်ဘာလ အတွင်းကလည်း ထပ်မံ၍ စီးနင်း တိုက်ခိုက်ခဲ့သည်။

ယခုအကြိမ်တိုက်ခိုက်မှုသည် တတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ထားဝယ်ခရိုင် PDF တပ်ဖွဲ့များနှင့် ညီနောင် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ကော်သူးလေတပ်မတော် - KTLA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပကာရီရဲစခန်း ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ထပ်မံ အင်အားဖြည့်တင်းမှုများနှင့် ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်လျက် ရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိ သူများက ပြောသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...