အင်းတော်ကြီးအနီးတွင် စက်သုံးဆီကားများကို ပိတ်ထား

အင်းတော်ကြီးအနီးတွင် စက်သုံးဆီကားများကို ပိတ်ထား

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ညောင်ပင်မှ ဝှေလုံ လမ်းပိုင်းတွင် စက်သုံးဆီကားများကို စစ်ဆေးရေး တင်းကြပ်ထားပြီး ဝင်ခွင့်မပေးဖြစ်နေသောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြော သည်။

အဆိုပါ ညောင်ပင်မှ ဝှေလုံလမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေး ရေးဂိတ်က စက်သုံးဆီကားများကိုဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ တင်းကြပ်ထားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “စစ်ကောင်စီက ဆီကားတွေရော တခြားကားတွေရောပေါ့ ၁၀၀ ကျော်လောက်ရှိမယ်။ အဲ့ ဂိတ်မှာ အဲ့ဒီမှာ ဆီကားနဲ့ တခြားကားတွေထဲမှာ အဲ့ဒီစစ်တပ်ကို ပိုင်တဲ့လူတွေပေါ့ အဲ့ဒီက စစ်ဗိုလ်နဲ့ခင်တဲ့ လူ တွေက သူတို့ကတော့ ပိုက်ဆံပေးရင်တော့ ကျော်ခိုင်းတယ်တဲ့။ ကျန်တဲ့ကားတွေကတော့ အခွန်ဆောင်ဆိုတော့ လည်း ဆောင်ပြီးပြီတဲ့ အဲ့ဒါကို ပေးမသွားဘူးတဲ့။ ပိုက်ဆံပေးလည်း ဒီအတိုင်းပဲ ၃-၄ ရက်လောက်ရှိပြီတဲ့ စောင့် နေတာ။ အဲ့ဒါလည်း ဖြတ်ခွင့်မပေးဘူး” ဟု ပြောသည်။

အဆိုပါ လမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ စစ်သားများသည် ကားသမားများထံမှ အခွန်များ တောင်းခံ ခဲ့ပြီး ဖြစ်သော်လည်း ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်ခိုင်းခဲ့သည်ဟု ယာဉ်မောင်းများ က ပြောသည်။

“ပိုက်ဆံပေးဆိုလို့လည်း ပေးပြီးပြီ၊ ပေးပြီးစောင့်နေတာ ၃-၄ နာရီနော်၊ သူတို့နဲ့ ရင်းနှီးတဲ့လူတွေကိုတော့ ဖြတ် ခိုင်းတယ်။ အဲ့ကားတွေဖြတ်ပြီးတာနဲ့ ကျန်တဲ့ တခြားတွေကို တစ်နာရီအတွင်း ဒီကနေလှည့်ပြန် မပြန်ရင် ပစ် သင့်ရင် ပစ်မယ် အဲ့လိုပြောလို့ လှည့်ပြန်ခဲ့ရတယ်။ တချို့က တောထဲမှာ ကျန်နေသေးတာတောင် ရှိသေးတယ်” ဟု ဆီကားမောင်းသူ ကားသမားတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ လမ်းပိုင်းကို ၄ ရက်ခန့်ဆက်ပိတ်ထားမည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသော ကြောင့် စက်သုံးဆီကားနှင့် ဆန်အပြင် အခြားသော ကုန်ကားကြီးများမှာ အခက်အခဲဖြစ်နေကြသည်ဟု ဆို သည်။

အလားတူ မိုးညှင်း-ဟိုပင်လမ်းပိုင်းတွင်လည်း ဖေဖော်ဝါရီလ ပထမပတ်ထဲ ကုန်ကားများ ဖြတ်သန်းသွားလာ ခွင့်ကို တင်းကြပ်ခဲ့ပြီး စစ်တပ်နှင့် ညှိနှိုင်းသွားလာနေရသည်ဟု ကုန်သည်များက ပြောသည်။

ဟိုပင် ဒေသခံတစ်ဦးကလည်း “လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း နန့်မွန်းတောင်ကို မိုးညှင်း-ဟိုပင်ကနေ လာမယ့် ရိက္ခာကားတွေကို မကျော်ရဘူးလို့ လုပ်ခဲ့လို့ ကုန်သည်တွေက လုံးတုံစစ်တပ်နဲ့ ညှိခဲ့ရသေးတယ်။ ရိက္ခာကား ပြောလို့ တခြားမဟုတ်ဘူးနော်၊ ဒီကုန်ကားတွေပြောတာ။ ဒီဘက်က အခုဆိုရင် အားလုံးကို ကားတွေအားလုံး စစ်တပ်နဲ့ ညှိပြီးသွားလာနေရတာ။ တော်တော်ဆိုးတယ်။ သူတို့နဲ့ မညှိမရရင် မသွားရဘူး အဲလို့မျိုးဗျ” ဟု ပြောသည်။

မန္တလေးမှ ကချင်ပြည်နယ်အထိ လမ်းပိုင်းများတစ်လျှောက် တာဝန်ကျသည့် စစ်ကောင်စီတပ်သားများက ၎င်း တို့ တပ်ထိုင်ထားသည့် ဂိတ်များတွင် စက်သုံးဆီးကားများ၊ ကုန်ကားများကို ရက်ရှည် တားဆီးထားခြင်း၊ ဖြတ် သန်းခွင့်မပြုခြင်းတို့ကြောင့် လမ်းခရီးတလျှောက် ယခင်ကထက် ကုန်ကျစရိတ်များ ပိုမိုကုန်ကျမှုများရှိ နေသည် ဟု ကုန်သည်များက ဆိုသည်။

ထိုသို့သော အခြေအနေများကြောင့် တာဝန်ကျ စစ်တပ်အသီးသီးကို ညှိနှိုင်းပြီး ဖြတ်သန်းသွားလာခွင့် တောင်း ချိန်တွင်လည်း အခွန်အခများ ပေးဆောင်နေရသည့် ရေရှည်တွင် ယခုကဲ့သို့ အခြေအနေများ ထပ်မံဖြစ်ပွားနေ မည်ဆိုပါက ကုန်စျေးနှုန်း၊ စက်သုံးဆီစျေးနှုန်းများ ပိုတက်လာမည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ဆိုကြသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...