ထန်တလန်မြို့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်၊ စကစ တပ်သား ၄ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော် သိမ်းဆည်းရမိ

ထန်တလန်မြို့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်၊ စကစ တပ်သား ၄ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော် သိမ်းဆည်းရမိ

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၂ နာရီခန့်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ လက်နက် ၄၀ ကျော်လည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က ထန်တလန်မြို့ပေါ် ဇုန်မွှန်ရပ်ကွက်က ရဲတပ်ဖွဲ့စခန်းကို ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီအချိန်တွင် ဝင်စီးကာ မနက် ၂ နာရီခန့်တွင် သိမ်းယူနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ထန်တလန်မြို့ ရဲစခန်းပေါ့ အဲဒီရဲစခန်းမှာ စစ်ခွေးတွေနဲ့ ရဲတွေပေါင်းနေတယ် အင်အား ၄၀ ခန့်ရှိတယ် အဲဒါကို ကျနော်တို့က ည ၉ နာရီကနေ ဝင်စီးတာ မနက် ၂ နာရီမှာ ကျနော်တို့ နေရာဝင်ယူနိုင်ခဲ့တယ် အဲဒီမှာ လက်နက် ၄၀ ကျော်ရတယ် သူတို့ဘက်က ၄ ယောက်တော့ အလောင်းတွေကောက်ရတယ် ကျန်တဲ့ဟာတွေကတော့ ထွက်ပြေးတယ် အခု တောထဲမှာ

ကျနော်တို့ လိုက်ရှာနေတယ်" ဟု ဆလိုင်းထက်နီက ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက် ၄၀ ကျော်၊ ဗုံးနှင့်=ဒုန်းပစ်ချသည့် လက်နက်များ သိမ်းဆည်းခဲ့သည်။

ယင်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ဒု-ဗိုလ် Aa Thang ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထန်တလန်မြို့ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ယနေ့မနက်ပိုင်း ဝေလီဝေလင်းအချိန်ကစ၍ ထန်တလန်မြို့နယ် ဗန်ဇံတောင်ကြောက CNAတပ်စခန်းငယ်တစ်ခုနှင့် လုံလဲရ်ကျေးရွာကို တိုက်လေယာဉ်နှင့် ဗုံးလာကြဲသွားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်သို့ စစ်ကူစေလွတ်လာသည်ဟုသိရပြီး တိုက်လေယာဉ်လည်း ပျံသန်းမှုရှိနေသည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...