ရှမ်းမြောက်ကွတ်ခိုင်မြို့၊ မန်ပိန်းကျေးရွာတွင် စစ်ကောင်စီနှင့် KIAတို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိဟုဆို

ရှမ်းမြောက်ကွတ်ခိုင်မြို့၊ မန်ပိန်းကျေးရွာတွင် စစ်ကောင်စီနှင့် KIAတို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာမှာ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ နေ့လယ် (၂) နာရီအချိန်ခန့်လောက်က ဆင်လီဘက်ကနေ အင်အား (၅၀) ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား(၂) စီးနဲ့ ဆင်းလာတဲ့အချိန် KIA တပ်ရင်း (၃၉)၊ တပ်ရင်း (၈) အောက် တပ်ခွဲ (၁) ပူးပေါင်းတပ်တွေနဲ့ (၁၅) မိနစ်လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ နှစ်ဖက်တပ်ကြား တပ်ဆုတ်တာမျိုးတော့ မရှိသေးဘူး။ နှစ်ဦးနှစ်ဖက်က စောင့်ကြည့်နေကြတယ်” လို့ နီးစပ်သူက ဆိုပါတယ်။

စစ်ကောင်စီဘက်က အထိအခိုက်များတာကြောင့် ခရီးသည်တင်ကား (၂) စီးကို လမ်းတစ်ဝက်မှာ ရပ်နားပြီး ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို လားရှိုးမြို့ဘက်ကို ပို့လိုက်တယ်လို့ သိရပြီးတော့ သေဆုံးတဲ့စာရင်းကိုတော့ အတိအကျမသိရပါဘူး။

နောက်ထပ် KIA တပ်သားတစ်ဦးကလည်း ဒီကနေ့မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၄)အောက်က တပ်ရင်းတွေ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်လို့ အတည်ပြုပြောကြားပါတယ်။

ဒါ့အပြင် မနေ့က ဖေဖော်ဝါရီလ (၈) ရက်နေ့ မနက်ပိုင်း (၈) နာရီအချိန်မှာလည်း အင်အား (၇၀) ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ခရီးသည်တင်ကား (၂) စီးနဲ့ မန်ပိန်းတပ်ဘက် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမန်ပိန်းကျေးရွာအတွင်းက စစ်ကောင်စီတပ်ရင်း (၃၈) မှာ ဆင်လီဘက်ကနေ စစ်အင်အား တိုးချဲ့ထားတဲ့ တပ်သားအားလုံးပေါင်း (၂၀၀) လောက် ရှိနေပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်ကနေ အင်အားတွေ ဆက်လက်ဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...