ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်

ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်

ဖက်ဒရယ်ဒီမိုကရေစီကပြည်ထောင်စုတည်ဆောက်ရေး အတူလက်တွဲဆောင်ရွက်ကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ကို အမြဲဖိတ်ခေါ်လျက်ရှိကြောင်း NUG ၏ ယာယီသမ္မတကြီးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၅/၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

“ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ရဲ့ထုတ်ပြန်ချက်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုလိုလားတဲ့အင်အားစုတွေနဲ့ လက်တွဲချိတ်ဆက်မယ့်အကြောင်းထုတ်ပြန်ခဲ့ပြီး တဆက်တည်း မှာပဲ မွန်ပြည်သစ်ပါတီမှ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်ပြုလျက် တိုင်းပြည်ရဲ့ အနာဂတ်ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ဖို့ကို မိမိတို့အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက်ရှိပါတယ်” ဟု ယာယီသမ္မတကြီးကပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ကျရောက်ခဲ့သော (၇၆) ကြိမ်မြောက် မွန် အမျိုးသားနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန်နည်းလမ်းရှာကြံခြင်းမပြုဘဲ ရွေးကောက်ပွဲသစ်တစ်ခုကျင်းပရန်အားထုတ်နေခြင်းမှာ ရလဒ်ကောင်းမရရှိနိုင်သည်သာမက သွေးထွက် သံယိုမှုပိုများသည့် ပဋိပက္ခကိုသာဦးတည်နိုင်သည် ” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ကပြုလုပ်ခဲ့သည့် တိုးချဲ့ဗဟို ကော်မတီမျက်နှာစုံညီ(နှစ်ချုပ်)အစည်းအဝေးထုတ်ပြန်ချက်၌ “ဖက်ဒရယ် ဒီမိုကရေစီဖြစ်ရန် ဖက်ဒရယ် နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းသွားမည်” ဟုဖော်ပြထားသည်။

NUG ၏ ယာယီသမ္မတကြီးကလည်း “စစ်ကောင်စီကိုတွန်းလှန်နိုင်ရန် ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုသည် အင်အားတရပ်ဖြစ်သကဲ့သို့ စုစည်းမှု၊ ညီညွတ်မှုနှင့် လက်တွေ့ကျသောပူးပေါင်းမှုများ တည်ဆောက်ရန်လိုအပ်ကြောင်း” ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် အစည်းအဝေးသို့တက်ရောက်ခဲ့ကြသည့် ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး များအနေဖြင့် တိုင်းရင်းသားအရေး၊ မဟာမိတ်ချိတ်ဆက်မှုအပိုင်းတို့ကို ဦးစားပေးဆောင်ရွက်ရန်လည်း သမ္မတကြီးမှ တိုက်တွန်းခဲ့သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...