မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့ Vaal ရပ်ကွက်တွင် ယက္ကန်းလုပ်ငန်း လုပ်ကိုင်ကြသော မြန်မာနိုင်ငံသား ၁၀ ဦးကို မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“မနေ့ ညနေက မဏိပူရ်ရဲတွေက ယက္ကန်းရုံမှာဝင်ဖမ်းတာ ၁၀ ယောက်ပါသွားတယ်၊ အခုတော့ ဘယ်သူမှအိမ်မှာမနေရဲ ကြဘူး တောထဲမှာပုန်းနေကြရတယ်” ဟု မဏိပူရ်က ယက္ကန်းသမား တစ်ဦးက ပြောသည်။

ယခုအဖမ်းခံရသူအများစုသည် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ဘက်ကဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ရေး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မဏိပူရ်ပြည်နယ်ဘက်သို့ထွက်ပြေးတိမ်းရှောင်ကာ ယက္ကန်းခတ်၍ အသက်မွေးဝမ်းကျောင်းရှာဖွေနေသူများဖြစ် ကြသည်။

မဏိပူရ်ပြည်နယ် နယူးလန်ကားမြို့နယ်တွင် မြန်မာနိုင်ငံက ယက္ကန်းသမား ရာဂဏန်းခန့်ရှိကြပြီး ယခင်ကလည်း မဏိပူရ် ပြည်နယ်အစိုးရက မကြာခဏဖမ်းဆီးလေ့ရှိသည်။

ယခုလက်ရှိမှာလည်း မဏိပူရ်ပြည်နယ်ထောင်ထဲတွင် အဖမ်းခံရသည့် မြန်မာယက္ကန်းသမား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

မဏိပူရ်ပြည်နယ်အစိုးရသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း မိုးရေးမြို့နယ် လန်းချန်းကျေးရွာနှင့် နီးယူ ဆလ်ဘုန်းကျေးရွာတွင် ခိုလှုံနေကြသော မြန်မာစစ်ဘေးရှောင် အမျိုးသား အယောက် ၈၀ ကျော်ကိုဖမ်းဆီးခဲ့ပြီးဖြစ်သည်။

မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh ကတော့ သူ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦးဖမ်းဆီးထားကြောင်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား လက်ခံထားသော အိမ်ရှင်များကိုလည်း ဥပဒေကြောင်းအရအရေးယူမည်ဟု ရေးသားထားသည်။

ထို့အပြင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအားတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင်းကြားရန် ရေးသားထားသည်။

May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...
May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...