ကလေးမြို့ ဆည်မြောင်းရုံးနား ဗုံးပေါက်ကွဲမှု စစ်သား ၃ ဦးသေဆုံး၊ ပြည်သူ ၁ ဦး ဒဏ်ရာရရှိ

ကလေးမြို့ ဆည်မြောင်းရုံးနား ဗုံးပေါက်ကွဲမှု စစ်သား ၃ ဦးသေဆုံး၊ ပြည်သူ ၁ ဦး ဒဏ်ရာရရှိ

ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် သစ်တောရုံးကြား ဖေဖော်ဝါရီ ၆ ရက် နေ့မနက် ၁၁နာရီအချိန်တွင် ဗုံးတလုံးပေါက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကလေးမြို့ခံတစ်ဦးက “ မနက်ကတည်းက အဲ့အနားမွာ စစ်သားတွေရှိတယ်။ ပြီးတော့ ၁၁နာရီလောက်မှာ ဗုံးလည်းပေါက်တယ် အမျိုးသမီးတယောက်လည်း ထိသွားတယ်၊ ဗုံးဆမှန်လို့ ခြေထောက်နဲ့ ရင်ဘတ် ဒဏ်ရာရတယ်။ အဝေးကနေမြင်တော့ စိုးရိမ်စရာဖြစ်လားဆိုတာ မသိနိုင်ဘူး။ အခု ဆည်မြောင်းရုံးလမ်းက ကားဘီးနဲ့ လမ်းပိတ်ထားတယ်”  ဟု ပြောသည်။

ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် သစ်တောရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုတင်အသင့်ထောင်ထားသည့် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ကလေးမြို့၊ မြို့ပြစီမံချက် UG အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ဖောက်ခွဲမှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည့်အပြင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီအချိန်တွင်လည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးမှုးရုံးရှေ့တွင် ရပ်ထားသည့် စက်ကြီးတစ်စီး မီးရှို့ဖ်က္ဆီးခံရသည်။

ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် သစ်တောရုံးအနီးအနားတို့တွင် ယခုရက်ပိုင်း မကြာခဏ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများရှိသည့်အပြင် ယမန်နေ့ မနက်ပိုင်း စစ်ကောင်စီတပ်သားများက ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေသည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...