ပြင်ဦးလွင်မြို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ၂ လောင်းတွေ့

ပြင်ဦးလွင်မြို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ၂ လောင်းတွေ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းက ထိုးသွင်းဒဏ်ရာ များဖြင့်သေဆုံးနေသည့်အမျိုးသားရုပ်အလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အသက် ၃၀ ၀န်းကျင်အရွယ် ယောက်ျားလေးတွေဗျ၊ အလောင်းတွေ့တာက ပန်းချယ်ရီဟိုတယ်နားမှာ တွေ့တာ၊ အရှိုက်နဲ့၀မ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာတွေတွေ့တယ်၊ တစ်နေရာမှာသတ်ပြီး လာပစ်ထားတာ ဖြစ်နိုင်တယ်” ဟု အလောင်းတွေ့ရှိမှုဖြစ်စဉ်အားမြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းနှင့် ၁၇ လမ်းထိပ်၊ ပန်းချယ်ရီဟိုတယ်အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၇ နာရီကျော်ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“လမ်းပေါ်မှာတစ်လောင်း လမ်းဘေးမှာတစ်လောင်းတွေ့ရတာ၊ အလောင်းနှစ်လောင်းစလုံး အမျိုးသား တွေချည်းပဲ၊ အသက် ၃၀ ၀န်းကျင်အရွယ်တွေပါ၊ ဗိုက်မှာထိုးသွင်းဒဏ်ရာတွေတွေ့တယ် သန္တိသုခအသင်း ကားနဲ့ ရင်ခွဲရုံပို့ ထားပြီးပြီ” ဟု ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ပြည်သူကအကြောင်းကြားလာခြင်းကြောင့် သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က၊ ငါးလောင်းပြိုင်လူသတ်မှုဖြစ် ပွားခဲ့ဖူးပြီး ယခုအလောင်းတွေ့ရှိမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးမှုအကြောင်းရင်းကိုမူ မသိရှိရသေးပေ။

စာတည်း။    ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။  ။စောဖေ

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...