ဘန်ကောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဘန်ကောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး လမ်းမပေါ်၌ ပန်းရံ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိသည်။

ဖေဖော်ဝါရီ ၅ရက် ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် ဘန်ကောက်မြို့ ဖဟွန်ယိုးထင်းလမ်းမပေါ်၌ မိုးသည်းထန် ရွာသွန်းမှု နှင့် အတူ မိုးခြိန်းသံများ ဖြစ်ပေါ်နေချိန် အသက် ၂၁ နှစ်အရွယ် အောင်ထူးစိုးက ဘိလပ်မြေဖျော်နေစဉ်အတွင်း လမ်းမပေါ်၌ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

“မောင်လေး ဆုံးသွားတာတော့ မထင်မှတ်ဘဲ ဖြစ်လာတဲ့ အကြောင်းလို့ဘဲ ပြောရမှာပေါ့။ မတော်တဆ မိုးကြီးလေကြီးနေတဲ့အချိန်မှာ မီးကြိုးပစ်ခံရပြီး သေဆုံးသွားတာ။ သူ့အလုပ်က လူတွေလည်း ပြောပြပါတယ် သူဘိလပ်မြေဖျော်နေတုန်းမှာ မိုးကြိုးပစ်ကွင်းထဲမှာရှိလို့ ပစ်ခံရပြီး သေဆုံးသွားတယ် “ ဟု ၎င်း အစ်မဖြစ်သူတစ်ဦးက ပြောသည်။

အဆိုပါ အောင်ထူးစိုးက မိုးကြိုးပစ်ခံရပြီးနောက်ပိုင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်အလောင်းသယ်ယူကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...