လက်နက်ကြီးကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

လက်နက်ကြီးကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ် အတွင်းရှိ တန်းရှင်းကျေးရွာတွင် ပလမြို့ ရဲစခန်းတောင်ကုန်းပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဖြစ်သည်ဟု ပြောသည်။

အသက် ၃၅ နှစ်အရွယ် တန်းရှင်းရွာသားတစ်ဦးက “တဂျိမ်း ဂျိမ်းနဲ့ လက်နက်ကြီး ၆ လုံး ဆက်တိုက်ထုတာ။ အဲဒီ တစ်လုံးပဲ ရွာထဲထိသွားတာ။ တိုက်ပွဲတွေပြီး မှ ပစ်တာ” ဟု ပြောသည်။ လက်နက်ကြီး ကျည်ထိမှန်ခဲ့ခြင်းကြောင့် ဘုရားစင်ရှေ့တွင် လှဲလျောင်းနေသူ ဒေါ်သန်းမော် အသက် ၅၆နှစ် ရင်ဘတ်နှင့် လည်ပင်းတို့တွင် ဒဏ်ရာများ ရရှိပြီး နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အိမ်နီးချင်း ကလေးငယ်တစ်ဦးကိုလည်း ကျည်အစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သေးသည်ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခွဲ အချိန်ကတည်းက ပလမြို့၊ တန်းရှင်းရွာနှင့်တိုကျေးရွာများတို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ပလရဲစခန်းကို ပြန်ဆုတ်ပြီးမှရဲစခန်း တောင်ပေါ်မှ လက်နက်ကြီးဖြင့် သင်္ကန်းတောကျေးရွာနှင့် တန်းရှင်းကျေးရွာဘက်သို့ ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင်လည်း ကဒဲကျေးရွာလမ်းဆုံအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ကားတစ်စီး ပုလောဘက်မှ လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသေးသည် ဟုဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားရာ ပလရဲစခန်းမှနေ၍ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း တိုကျေးရွာမှ အမျိုးသား ၆ ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၄ ဦး ဆေးကုသမှုခံယူခဲ့ရသေးသည

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...