ထားဝယ်တွင် စစ်ကောင်စီတပ်က စာသင်ကျောင်းတစ်ခုကို မီးရှို့

ထားဝယ်တွင် စစ်ကောင်စီတပ်က စာသင်ကျောင်းတစ်ခုကို မီးရှို့

ထားဝယ်တွင် စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နှင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က စာသင် ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

ပစ်သတ်ခံရသူမှာ သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာတွင် နေထိုင်ပြီး ရေခဲရောင်းဝယ်ရေး လုပ်ကိုင်နေ သည့် ဦးအောင်နိုင်ဦး အသက် ၅၅နှစ် ဖြစ်သည်။

“အဲ့ဒီနေ့ မနက်က ဒိုင်းဆိုပြီး သေနတ်သံကြားရချိန် အာရုဏ်တောင် မတက်သေးဘူး၊ မိုးလင်းသွားမှ အောင်နိုင် ဦး ပစ်သတ်ခံရမှန်းသိတာ” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်မြို့သို့ သုံးဘီးဖြင့် ရေခဲဝယ်ရန်သွားချိန် ဖေဖေါ်ဝါရီလ ၃ ရက်နေ့၊ နံနက် ၃ နာရီ အချိန်ခန့်ကညောင်ဇင် ကျေးရွာ အ.ထ.က ကျောင်းအနီး လမ်းမပေါ် တွင် ပစ်သတ်ခံခဲ့ရပြီး လည်ပင်းကျည်ထိဒဏ်ရာဖြင့် သေဆုံးနေ ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

၎င်းပစ်သတ်ခံရသည့်နေ့တွင်ပင် နေ့လည် ၁၂ နာရီခန့်က ထားဝယ်ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိ လာကာ ဦးအောင်နိုင်ဦး ပစ်သတ်ခံရမှုကို စစ်ဆေးခဲ့ကြပြီး နာရီဝက်ခန့်အကြာတွင် စာသင်ကျောင်းကို မီးရှို့ ဖျက် ဆီးခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

မီးလောင်ကျွမ်းနေသည့် စာသင်ကျောင်းကို မီးငြိမ်းသတ်ရန် ရောက်ရှိလာသည့် ရွာသားများကိုလည်းစစ်သား များက အနားမကပ်ရန် အော်ဟစ်ပြီး သေနတ်များပစ်ဖေါက်ကာ ခြောက်လှန့်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ကြောက်လန့်ကာ ပြန်လှည့်ပြေးခဲ့ကြရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ထို့နောက် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မွန်းလွဲ ၂နာရီ အချိန်ခန့်အထိ စာသင်ကျောင်းမီးလောင်ခဲ့ပြီးထားဝယ်မြို့မှ မီးသတ်ကား ၂ စီး၊ သရက်ချောင်းမြို့ပေါ်မှ မီးသတ်ကား ၂ စီးရောက်လာကာ မီးကြွင်းမီးကျန်များကို ငြိမ်းသတ်ခဲ့ ကြောင်း နှင့် သရက်ချောင်းမှလာသည့် မီးသတ်ကားများ နောက်တွင်လည်း ရဲကား ၂စီးကပ်ပါလာသည်ဟု ဆိုသည်။

အဆိုပါ ရဲကားပေါ်တွင် ပါလာသည့် ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းအနီးနားပတ်လည်တွင် ရှာဖွေမှုများလည်း ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

မီးလောင်ပျက်စီးခဲ့သည့် စာသင်ကျောင်းတွင် စစ်အာဏာသိမ်းပြီးသည့်နောက် တက်ရောက်နေသည့် ကျောင်း သူ/သားများ မရှိသည့်အပြင် သင်ကြားပေးမည့် ဆရာ/ဆရာမများလည်း မရှိခြင်းတို့ကြောင့်\ ပိတ်ထားရသည်မှာ ကြာပြီ ဖြစ်သည်ဟု ညောင်းဇင်ရွာသားများက ပြောသည်။

စစ်အာဏာသိမ်းမှု မတိုင်မှီ ကျောင်းဖွင့်လှစ်ခဲ့စဉ်ကာလက အထက်တန်းကျောင်းမရှိသည့် သရက်နှစ်ခွ၊ သင်း ကျွန်း၊ ကြာအင်းနှင့် ဥတ္တူကျေးရွာတို့မှ အလယ်တန်း အထက်တန်းကျောင်းသား ကျောင်းသူများ လာရောက် ပညာ သင်ကြားခဲ့ရသည့် ကျောင်းတကျောင်း ဖြစ်သည်။

ညောင်ဇင်ကျေးရွာသည် မြိတ်-ထားဝယ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တည်ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...