အုပ်ချုပ်ရေးမှူး လင်မယား နေအိမ်အနီး သေနတ်ဖြင့် ပစ်ခံရ

အုပ်ချုပ်ရေးမှူး လင်မယား နေအိမ်အနီး သေနတ်ဖြင့် ပစ်ခံရ

ဘုရားဖူးရာမှ ပြန်လာသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး နေအိမ်အနီးတွင် သေနတ်နှင့် ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကော့သောင်း တပ်နယ်စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရ သည်ဟု ဒေသခံများက ပြောသည်။

ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ဇနီးဖြစ်သူတို့ ဇန္နဝါရီလ ၂၅ ရက်နေ့၊ ည၈ နာရီ ခွဲ အချိန် ခန့်တွင် ဘုရားမှအပြန် နေအိမ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

အေးရိပ်ငြိမ်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ညတုန်းက ဖြစ်တဲ့ အချိန်က လမ်းမပေါ် လူသွားလူလာ ရှိနေသေးတယ်။ မပြတ်သေးဘူး။ သေနတ်သံ ၃ ချက် ပစ်သံကြားရတယ်။

သိပ်မကြာဘူး အရေး ပေါ်ကားသံတွေ ထပ်ကြားရတယ်။ မနက်မိုးလင်းမှ အုပ်မှူး လင်မယား ပစ်ခံရတာသိတယ်” ဟု ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးယုလွင်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းကလည်း ညဘက်သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရဖူးကာ ယခု ဒုတိယအကြိမ်မြောက် ထပ်မံ ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် ဦးယုလွင်တွင် ဘယ်လက်မောင်း ကျည်ထိမှန်ခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ဘယ်ခြေသလုံးတွင် ဖေါက်ထွက် ဒဏ်ရာများ ရရှိခဲ့၍ စစ်ဆေးရုံ၌ တက်ရောက်ကုသနေရသည်ဟု မြို့ခံများက ပြောသည်။

ဦးယုလွင်သည် စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်ခံခြင်းများကိုဦးစီး လုပ်ကိုင်ပေးနေပြီး ကော့သောင်းမြို့၊ ဗျူဟာမှူး နှင့် တိုက်ရိုက် ဆက်သွယ်မှုများလည်း ရှိနေသူတစ်ဦး ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့ ပစ်ခတ်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ရှိ လူများနှင့် လမ်းသွားလမ်းလာများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဇန္နဝါရီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းကလည်း အေး ရိပ်ငြိမ်ရပ်ကွက် လမ်းဆုံမီးပွိုင့်တွင် ပိတ်ဆို့စစ်ဆေးမှုများကို

နေ့လည်ပိုင်းအချိန်ထိ ပြုလုပ်ခဲ့သည်ဟု ရပ်ကွက် နေပြည်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ တုန်းကလည်း ကော့သောင်းမြို့က ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံ ရပြီး သေဆုံးသွားခဲ့သေးသည်။

July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...
July 9, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့်...
July 9, 2026
ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာကာ...