ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းခံရသူများအနက် ၅ ဦးကို ဆက်လက်ဖမ်းဆီးထား

ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းခံရသူများအနက် ၅ ဦးကို ဆက်လက်ဖမ်းဆီးထား

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသူအများစုကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း ၅ ဦးကိုမူ ၁၄ ရက် ရမန်ယူပြီး ဆက်လက် ဖမ်းဆီးထားသည်ဟု သိရသည်။

“စွဲချက်လည်းမတင်သေးဘူး၊ ဒီတိုင်းပဲ ရမန် ၁၄ ရက်ယူတယ် အဲ့တာပဲရှိသေးတယ်၊ တရားစွဲမှာလား၊ မစွဲဘူးလားဆိုတာ စစ်ချက်အပေါ်မှာပဲ မှုတည်မယ်လို့ပဲပြောတယ်။ စစ်ချက်အပေါ်မှာ ဘာမှမတွေ့ရင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြန်လွတ်မယ်ပေါ့” ဟု ဖလမ်းမြို့ခံတစ်ဦး ကပြောသည်။

ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရသူ (၅) ဦးမှာ အသက် ၂၄ နှစ်အရွယ် ဆလိုင်းငွန်ဆွီးထန်၊ အသက် ၆၀ နှစ် အရွယ် ဦးသင်မှုန်၊ အသက် ၆၁ နှစ်အရွယ် ဒေါ်ရန်နွမ်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်နိုင်ကိပ်ပါရ်နှင့် ဆလိုင်းဟရန်လျန်အွယ် တို့ဖြစ်ကြပြီး ၎င်းတို့နေအိမ်အနီးတွင် အကျည်ဆံခွံတွေ့ရှိခြင်းနှင့် ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

၎င်းတို့ပြန်လည်လွတ်မြောက်ရေးအတွက် ဖလမ်းမြို့မှ ဘာသာရေး ဆရာတော်များနှင့် မြို့မိ/မြို့ဖတို့မှ ဌာနဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံဆောင်ရွက်မှုများရှိသည်ဟု သိရပြီး ဖမ်းဆီးခံထားရသူများမှာ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ညနေပိုင်းက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ကျောင်းလုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့က  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အနီးနားရှိအရပ်သား ပြည်သူ ၂၄ ဦး ဖမ်းဆီးခံရကာ ၁၉ ဦး ပြန်လွတ်ပေးခဲ့သော်လည်း ၅ ဦးကို လက်နက်ထိန်းသိမ်းထားခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုတွင် ရဲတစ်ဦးသေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...