မြန်မာ – တရုတ် မူဆယ် နယ်စပ်တံခါးဖွင့်လှစ်တော့မည်

မြန်မာ – တရုတ် မူဆယ် နယ်စပ်တံခါးဖွင့်လှစ်တော့မည်

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ဂိတ်တံခါးများကို လာမည့် ဇန်နဝါရီ ၈ ရက်တွင် ဖွင့်လှစ်သွားမည်ဟု တရုတ်ဘက်က ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် တရုတ် – မြန်မာ နယ်စပ်ဂိတ် (၃) ခု အချိန်ကန့်သတ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၊ ထို ဂိတ် (၃) ခုသည် ရွှေနန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ် နှင့် ဆင်ဖြူဂိတ်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေနန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ် သည် ဝန်ထမ်း နှင့် ပြည်သူများ သွားလာရန် ၊ ဆိုင်ကယ် ၊ ကားများ သွားလာရန် နှင့် မန့်ဝိန်း ဂိတ်သည် ကုန်ပစ္စည်းများ တင်ပို့ရန်အတွက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ သူတို့ဖက်တော့ ဖွင့်ဖို့ ပြင်ဆင်နေပြီး၊ အချိန်ကန့်သတ်နဲ့လည်း ဖွင့်သွားမယ်လို့ သိရတယ်။ ရွှေနန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်ဆိုရင် မနက် ၈ နာရီကနေ ည ၉ နာရီခွဲထိ ဖွင့်သွားမှာ။ မန့်ဝိန်းဂိတ် ဆိုရင် မနက် ၈ နာရီကနေ ည ၁၁ နာရီထိ ဖွင့်သွားမှာတဲ့” ဟု ရွှေလီမြစ်ဝှမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ တရုတ်နိုင်ငံအတွင်းတွင် ကိုဗစ် -၁၉ ပြန့်ပွားနေသည့်အချိန်တွင် နယ်စပ်တံတားကို ဖွင့်လှစ်လိုက်ပါက နယ်စပ် အနီးနေထိုင်သည့် ပြည်သူများက ပြည်တွင်း ကိုဗစ် -၁၉ ပြန့်ပွားမည်ကို စိုးရိမ်နေကြသည်။

“ အခုလည်း တရုတ်ဘက်မှာဆိုရင် ကိုဗစ်ရောဂါတွေ အရမ်းပြန့်နေတယ်လေ။ သူတို့ နယ်စပ်ဂိတ်ကို ဖွင့်လိုက်ရင်လည်း ဒီဘက်ကို ထပ်ပြန့်လာမှာ ဆိုးတယ်လေ။ ကျနော်တို့ နယ်စပ်ဂိတ်နဲ့ အနီးမှာ နေတဲ့သူတွေတော့ ပိုပြီး စိုးရိမ်ရတာပေါ့” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ တစ်ဖက်တွင်လည်း တစ်ချို့ ဒေသခံများက နယ်စပ်ကုန်သွယ်ရေး အဆင်ပြေရန်အတွက် ဖွင့်လှစ်ရန် မျှော်လင့်နေကြသည်။

“ ကျနော်တို့တော့ အရမ်းတော့ စိတ်မပူပါဘူး။ ဒီဘက်မှာလည်း ဖြစ်ခဲ့ဖူး ပြီးပြီလေ။ ဘာလို့လဲဆိုတော့ နှစ်နိုင်ငံကြား ကုန်တင်ပို့တဲ့ချိန်မှာလည်း အုတ်တံတိုင်းကိုကျော်ပြီး ကရိန်းစက်နဲ့ ကျော်ပြီးပို့ရတယ်လေ။ အဲ့တော့ အခွန်တွေအများကြီးပေးရတယ်။ နယ်စပ် တံခါးပြန်ဖွင့်ရင် အခွန်လည်း မများတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း ပြန်ကျလာမယ်လေ” ဟု နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံဘက်မှ နယ်စပ်တံတားများကို ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း မြန်မာနိုင်ငံဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

မြန်မာ – တရုတ်နယ်စပ်ဂိတ်ကို ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ဧပြီ ၁ ရက်နေ့ကစတင် ပိတ်ခဲ့ပြီး လက်ရှိမှာ ၃ နှစ် နီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...