လွတ်လပ်ရေးအကြို လောက်ကိုင်မြို့တွင်း စစ်အင်အားပြ၊ ပြည်သူများ ထိတ်လန့်နေ

လွတ်လပ်ရေးအကြို လောက်ကိုင်မြို့တွင်း စစ်အင်အားပြ၊ ပြည်သူများ ထိတ်လန့်နေ

သျှမ်းပြည် လောက်ကိုင်ခရိုင် လောက်ကိုင်မြို့တွင်းတွင် လွတ်လပ်ရေးနေ့ အကြို အနေဖြင့် စစ်ကောင်စီမှ စစ်အင်အား လှည့်ပတ် ပြသမှုကြောင့် ပြည်သူများ ထိတ်လန့်နေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်မှ စတင်ကာ လောက်ကိုင်မြို့ အတွင်းတွင် လွတ်လပ်ရေးအတွက် အလံတိုင် စိုက်ထူခြင်းများ စတင်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ စစ်သားအင်အားက မြို့တွင်း လှည့်ပတ်နေ ကြောင်း သိရသည်။

“အလံတိုင်တွေတော့ တမြို့လုံးနီးပါး အပြည့်ပေါ့၊ စိန်ရတုနှစ်မြောက်တဲ့ လွတ်လပ်ရေးနေ့ အတွက် ဆိုလားပဲ၊ ပြီးတော့ နေရာတိုင်းမှာလည်း စစ်သားတွေ လုံခြုံရေးယူထားတယ်၊ စစ်သားတွေ အပြည့်ပါတဲ့ စစ်ကား ၁၀ စီး ၊ စစ်သား ၁၅၀ လောက်လည်း မြို့ထဲကို နေ့တိုင်းပတ်နေတယ်” ဟု လောက်ကိုင်မြို့မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောက်ကိုင်မြို့တွင်း စစ်အင်အား ပြသမှုများတွင် စစ်သားများ စစ်ကားများအပြင် သံချပ်ကာ ကားများလည်း လိုက်ပါ လှည့်ပတ်ကြောင်း ၊ စစ်အင်အား ပြသမှုများကြောင့် ပြည်သူများက စိတ်အနှောင့်အယှက်ဖြစ်ရသည့်အပြင် ကြောက်လန့်မှုလည်း ကြုံတွေ့နေရကြောင်း ၎င်း အမျိုးသားက ပြောသည်။

“အရေးအကြောင်းရှိလို့ အပြင်ထွက်ရင်လည်း သူတို့ စစ်ယာဉ်တန်းနဲ့ တွေ့ရင် ထင်သလောက် သွားလို့ မရဘူး၊ နှေးတာပေါ့၊ ကျော်ပြီးလည်း မသွားရဲဘူးလေ၊ စစ်သားဆိုတာနဲ့လည်း ကြောက်နေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လောက်ကိုင်မြို့အတွင်း၌ စစ်သားများ နေရာအနှံ့ လုံခြုံရေး ယူထားသည့်အပြင် မနက် ၁၀ နာရီ ဝန်းကျင်မှ မွန်းလွဲ ၁ နာရီကျော်အထိ စစ်အင်အား လှည့်ပတ်ပြသမှုများကြောင့် သွားလာရေးအတွက် ခက်ခဲနေကြောင်း သိရသည်။

လောက်ကိုင်မြို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ အစပိုင်းမှာလည်း မြို့တွင်းတိုက်ပွဲဖြစ်ပွားမည့်သတင်း ပျံ့နှံ့မှု ကြောင့် စိုးရိမ်ကြောက်လန့်မှုများဖြင့် နေရပ်ပြန်သူ အများအပြား ရှိလာပြီး အငှားယာဉ်များ ပြတ်လပ်သည် အထိ ဖြစ်ခဲ့ရသည်။

လာမည့် ဇန်နဝါရီလ ၄ ရက်နေ့သည် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအခမ်းအနားနေ့ ဖြစ်သည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...