စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ် စစ်ကောင်စီဘက် (၃) ဦးကျဆုံး

စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ် စစ်ကောင်စီဘက် (၃) ဦးကျဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် နှင့် မုံးကိုးကြားရှိ ဝိန်းဆိုင်ကျေးရွာအနီး စစ်ကောင်စီ နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာ (၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီကျော်က MNDAA တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃) ဦး သေဆုံးပြီး MNDAA ဘက်မှ (၁) ဦးသေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

“စစ်ကောင်စီဘက်က (၃) ဦးသေတယ်။ ထိခိုက်ဒဏ်ရာ ရတာ ဘယ်လောက်ရှိလဲတော့ မသိရဘူး။ MNDAA ဘက်ကတော့ (၁) ဦး ကျဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးကျည် ပစ်ခတ်ခဲ့ရာ ဒေသခံ ရွာသား တစ်ဦး နေအိမ်အတွင်းသို့ ကျည်များ ကျရောက်ခဲ့ကြောင်း The Kokang မှ ယနေ့ ဒီဇင်ဘာ (၂၃) ရက်မှာ ထုတ်ပြန်ထားသည်။

“စစ်ကောင်စီက ကြံကားသမားတွေဆီ အခွန်ကောက်မလို့ အဲ့ဒါနဲ့ MNDAA နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ကပြောသည်။

စစ်ကောင်စီ မှ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၄၂၀) မှ အင်အား (၈၀) ခန့်ရှိပြီး MNDAA တပ်မဟာ (၅၁၁) ရှိရာ မုံးကိုးခရိုင် တာမုံးပေါ်ဒေသမှာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း The Kokang က ရေးသားထားသည်။

နိုင်ငံတော် အာဏာသိမ်းယူမှု တစ်နှစ်ကျော်ကြာလာပြီးနောက် စစ်ကောင်စီသည် သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...