မူဆယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ

မူဆယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မင်္ဂလာမူဆယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းအချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် သေဆုံးနေသော အသက် ၃၀ နှစ်အရွယ် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း မူဆယ်နှလုံးလှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲ့အမျိုးသားက အသက် ၃၀ နှစ်လောက်ရှိတယ်။ သူ့နေရပ်ကိုလည်း မသိရဘူး။ သူများက လာပစ်သွားတာတဲ့ ပုံစံမျိုးနဲ့ပေါ့ဗျာ။ ကျနော်တို့ကလည်း သေသေချာချာမသိရဘူး။ အလောင်းပေါ်မှာ ဒဏ်ရာ၊ ဒဏ်ချက်တွေ မရှိဘူး။ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ ပုံစံမျိုးတော့ပေါက်တယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

ပိုင်ရှင်မဲ့ အလောင်းများသည် များသောအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲ သူများဖြစ်ပြီး အိမ်ခြေမဲ့ နေထိုင်ကြရာ အအေးပတ်ခြင်း၊ အစာအာဟာရ ပြတ်ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ပိုင်ရှင်မဲ့ အလောင်းများဟာ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့အပြင် ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာလည်း တွေ့နေတတ်သလို လောင်းကစားပေါများသည့် လားရှိုးမြို့တွင်လည်း တွေ့ရတတ် ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်း သျှမ်းသံတော်ဆင့် သတင်းမီဒီယာမှ သီးခြားအတည်ပြုထားရာ မူဆယ်မြို့ နှင့် လားရှိုးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အိမ်ခြေမဲ့နေထိုင်သူ လူဉီးရေ ၄၀ ခန့်က သေဆုံးနေကြောင်း လူမှုကူညီရေးထံများမှ သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...