မတူပီမြို့က စစ်ကောင်စီတပ်သားများ လက်နက်နှင့်အတူ ထွက်ပြေးပြီး အပူတပြင်း လိုက်လံရှာဖွေနေကြ

မတူပီမြို့က စစ်ကောင်စီတပ်သားများ လက်နက်နှင့်အတူ ထွက်ပြေးပြီး အပူတပြင်း လိုက်လံရှာဖွေနေကြ

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်သားများ လက်နက်အပြည့်အစုံဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့က ထွက်ပြေးကြသောကြောင့် စစ်ကောင်စီတပ်က မတူပီမြို့ နေရာအနှံ့ အပူတပြင်း လိုက်လံရှာဖွေနေကြသည့်အပြင် မတူပီမြို့ အဝင်/အထွက်တို့ကိုလည်း ပိတ်ထားသည်ဟု သိရသည်။

“၃ ရက်လောက်ရှိပြီ ဟိုတနေ့ မနက်ပိုင်းက စစ်သားတွေ ထွက်ပြေးလို့ ဘယ်နှစ်ယောက် ပြေးမှန်မသိဘူး တိကျမသိရဘူး၊ အခုဒီမှာ ထွေအုပ်ရော၊ တခြားတပ်သားတွေလည်း အကုန်လုံး လိုက်ရှာကြတယ် တခြားဖက်မှာ၊ ချန်းပြန်းဖက်မှာ အယောက် ၄၀ လောက် အဲ့လိုတပ်ဖြန့်ပြီးတော့ လိုက်ရှာပြီး လိုက်ကြတာပေါ့”  ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်အပြည့်စုံဖြင့် ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် မတူပီမြို့ထွေအုပ်ရုံး လုံခြုံရေးနှင့် ခလရ ၁၄၀ တပ်ရင်း လုံခြုံရေးတပ်သား စုစုပေါင် ၄ ဦး ထွက်ပြေးသည်ဟု မြို့ခံများက ပြောဆိုကြသော်လည်း အရေအတွက် အတိအကျကိုမူ မသိရှိရပေ။

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ မတူပီမြို့ အဝင်/အထွက်ဂိတ်များ ပိတ်ထားလိုက်ပြီး ပခုက္ကူမှ ကားဖြင့်ပြန်လာကြသည့် ခရီးသည်ကားများ မတူပီမြို့မရောက်ခင် လည်မျိုချောင်းတွင် ပိတ်မိနေကြသည်မှာ ၂ ရက်ရှိနေပြီဖြစ်ပြီး ၎င်းတို့စားသောက်ရန်အတွက် မိသားစုဝင်များမှ ဆန်အပါအဝင် ဟင်းချက်ပြုတ်စရာများကို ပို့ဆောင်ပေးကြရသည်ဟု သိရသည်။

“ဂိတ်တွေလည်း အားလုံးပိတ်တော့ ခရီးသည်တွေ ခက်ခဲဖြစ်နေကြတာ လေမျိုချောင်းမှာ ၂ ညလောက် အိပ်နေကြရတယ်” မတူပီမြို့ခံတစ်ဦးက ပြောသည်။

မတူပီမြို့တွင် စစ်ကောင်စီတပ်ရင်း ခလရ ၁၄၀၊ ခလရ ၃၀၄ နှင့် စစ်ဗျူဟာတို့ရှိပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ယင်းတပ်ရင်းများမှ စစ်ကောင်စီတပ်သားများ မကြာခဏ လက်နက်နှင့်အတူ ထွက်ပြေးမူများရှိခဲ့သည်ဟု သိရသည်။

မတူပီမြို့တွင် စစ်ကောင်စီတပ်မှ မြို့အဝင်/အထွက်ဂိတ်များကို ပိတ်ခြင်းကြောင့် မြို့တွင်းပြည်သူများ ခရီးသွား၍မရေတော့ပဲ အခက်ကြုံနေကြရသည်ဟု သိရသည်။

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...