ရဲ သုံးဦး လက်နက်နှင့်အတူ ထွက်ပြေး

ရဲ သုံးဦး လက်နက်နှင့်အတူ ထွက်ပြေး

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာရှိ နယ်မြေခံ ရဲစခန်းမှ ရဲတပ်သား ၃ ဦးသည် ညပိုင်း လုံခြုံရေးကင်းတာဝန်ကျနေစဉ် လက်နက်များနှင့်အတူ ထွက်ပြေးသွားသည်ဟု ဒေသခံများက ပြောသည်။

ထွက်ပြေးသွားသည့် ရဲတပ်သားများ ပြန်လည်ဖမ်းဆီး ရမိရေးအတွက် စစ်ကောင်စီ ကြည်းတပ်မှ ဗိုလ်ကြီး အဆင့်ရှိသူက ၎င်းရဲစခန်းမှူးနှင့် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး (စရဖ) များကို ညွှန်ကြားထားသည်ဟု ရဲစခန်း နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ရဲစခန်းကို PDF တွေ လာပစ်ပြီးတဲ့ နောက်ပိုင်းစခန်းမှူးက အပြင်ဘက် ဝင်ထွက်သွားလာခွင့် ပေးတော့ဘူးလို့ သိ ရတယ်။ ဈေးလာဝယ်ကြတာမျိုး မရှိတော့ဘူး။ အင်အားလည်း နည်းတော့ နောက်တကြိမ် လာပစ်ခတ်မှာ ကြောက်ပြီး စိတ်ဓာတ်ကျ ထိတ်လန့်နေကြတယ်လို့သိရတယ်” ဟု ရဲစခန်းအနီးင အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များက လာရောက်ပစ်ခတ်ခံရပြီး နောက် ယခုကဲ့သို့ ရဲတပ်သားများက လက်နက်များနှင့်အတူ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရဲတပ်သား ၃ ဦးမှာ ဒီဇင်ဘာလ ၈ ရက်နေ့၊ ညပိုင်းက ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထွက်ပြေးသွားသည့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိရေး အတွက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များက လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများအတွင်း ပိုက်စိပ်တိုက် ရှာဖွေနေကြသည့်အပြင် လမ်းဆုံလမ်းခွနေရာ များတွင်လည်း တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြသည်။

သို့သော် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်း အချိန်ထိ ပြန်လည် ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်မှစပြီး မောင်းမကန် နယ်မြေခံ ရဲစခန်း အပါအဝင် နေရာ ၅ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် LLPDF၊ DGRF၊ T-PDF၊ YPPDF၊ DDTတပ်ခွဲ(၃)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ် နဂါးတပ်ဖွဲ့ တပ်ခွဲ (၁) တို့က တပြိုင်နက်

ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ် သည်ဟု LLPDF အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါဝင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး အဖွဲ့ဝင်များ အယောက် ၄၀ ခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြ ထားသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...