ပင်လောင်းမြို့နယ် စစ်ရှောင်များ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသဖြင့် သွားလာရန်ခက်ခဲနေ

ပင်လောင်းမြို့နယ် စစ်ရှောင်များ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသဖြင့် သွားလာရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များသည် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင် မရှိသည့်အတွက် တခြားမြို့သို့ ခရီးသွားလာရန် ခက်ခဲနေကြောင်း စစ်ရှောင်များထံမှ သိရသည်။

ကရင်နီ (ကယားပြည်) တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ယခုအချိန်မှာ တခြားမြို့သို့ ခရီးသွားရန် အိမ်ထောင်စုဇယား နှင့် မှတ်ပုံတင်မရှိသဖြင့် သွားလာ၍မရကာ ခက်ခဲနေကြောင်း နမ့်မယ်ခုံဒေသခံ အသက် ၂၈ နှစ် စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်းရှိ ကရင်နီ (ကယားပြည်) မှ စစ်ရှောင်ဦးရေ (၂၀,၀၀၀) ဝန်းကျင်ရှိနေပြီး လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် အိမ်ထောင်စုဇယား နှင့် မှတ်ပုံတင် မရှိကြကြောင်း သိရသည်။

“ကျမတို့ ပြေးလာတုန်းက ဒီတိုင်းပဲ ကိုယ်လွှတ်ရုံး ပြေးလာရတယ်။ တချို့လည်း အရေးကြီးတဲ့ ပစ္စည်းကို ဖွတ်ထားတယ်ဆိုပေမယ့် ပြေးလာခဲ့တုန်းက မယူလာရဘူးလေ။ ဒီချိန်မှာ ခရီးတစ်ခုသွားမယ်၊ ဆေးရုံတက်ရလို့ လိုတာမျိုးဆိုရင်လည်း လမ်းမှာက မှတ်ပုံတင် စစ်ဆေးခံရတယ်။ တစ်ခါတလေ မှတ်ပုံတင်မပါရင် သွားလာလို့မရဘူး “ ဟု ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

အချို့စစ်ဘေးရှောင်များသည် မိသားစုဝင်များသည့်အတွက် တစ်ဖက်တစ်ကမ်း စားဝတ်နေရေး ဖြေရှင်းဖို့ တခြားမြို့သို့ သွားရောက် အလုပ်လုပ်ချင်သော်လည်း မှတ်ပုံတင်မရှိသဖြင့် သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

“ တချို့က ဒီမှာနေရတာ အဆင်မပြေတော့ တခြားမြို့ကို အလုပ်သွားလုပ်ဖို့ သွားကြတယ်။ တခြားမြို့ကို အလုပ်သွားလုပ်ဖို့ဆိုရင် အဓိက မှတ်ပုံတင်လိုအပ်တယ်။ မှတ်ပုံတင် မရှိရင် အိမ်ထောင်စု ဇယားပြဆိုလည်း အိမ်ထောင်စုဇယားလည်းမပြနိုင်၊ မှတ်ပုံတင်လည်း မပြနိုင်ဆိုတော့ သူတို့ အခွင့်အရေးဆုံးရှုံးရတာရှိတယ် “ ဟု ၎င်းကဆက် ပြောသည်။

ပင်လောင်းမြို့ – တောင်ကြီးမြို့ ကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီ စစ်ဆေးရေး ၃ ဂိတ်ရှိရာ စစ်ဆေးမှုမှာလည်း မှတ်ပုံတင်ကို အဓိကထားပြီး စစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေတဲ့ ကရင်နီ (ကယားပြည်) ကဒေသခံများသည် နမ့်မယ်ခုံ၊ ဒီးမော့ဆို၊ သေးဆူလဲ၊ ဒေါတဆေး၊ အိုကေ၊ ငွေတောင်၊ ဆော်ခီးဒေါ၊ လားလဲ၊ မိုးဗြဲ၊ ဝါရီဆူးဖလှိုင်၊ ဝီသဲကူး၊ ဖယ်ခုံ၊ ကသဲ၊ ခေါင်းမိုင်း၊ လွယ်ပေါ ရွာမှ ဒေသခံများဖြစ်သည်။

လက်ရှိမှာ စစ်ဘေးရှောင်များအတွက် အလှူရှင် လာရောက်မလှူတာ ၂ လကြာပြီ ဖြစ်သဖြင့် စားနပ်ရိက္ခာ၊ အနွေးထည် အဝတ်အစား နှင့် အရေးပေါ် ဆေးဝါးများ လိုအပ်နေတယ်လို့ ဒေသခံများက ဆိုသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...