PNO ဦးစီးကျင်းပမည့် ဘောလုံးပွဲအတွက် တစ်အိမ် ၅,၀၀၀ ကျပ်ပေးဆောင်ရ

PNO ဦးစီးကျင်းပမည့် ဘောလုံးပွဲအတွက် တစ်အိမ် ၅,၀၀၀ ကျပ်ပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဦးစီးပြီး ဒီဇင်ဘာ ၇ ရက်တွင် စတင်ကျင်းပမည့် ဘောလုံးပွဲကို တစ်အိမ်လျှင် ၅,၀၀၀ ကျပ် ပေးဆောင်ရကြောင်း စုံစမ်း သိရှိသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO မှ ဦးဆောင်ပြီး လုပ်ဆောင်ပေးသည့် ဘောလုံးပွဲအတွက် ၎င်းတို့ ထိန်းချုပ်သည့် နေရာတွင် နေထိုင်သည့် ပြည်သူများ အားလုံး ကျပ်ငွေ ၅,၀၀၀ မဖြစ်မနေ ငွေပေးဆောင်ရသည်။

PNO ထိန်းချုပ်သည့် နယ်မြေများမှာ တောင်ကြီးမြို့နယ်မှ ပုံးအင်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်တို့ ဖြစ်သည်။

“သူတို့ ထိန်းချုပ်ရနယ်မြေထဲက အကုန်ကောက်တာပဲထင်တယ်။ ကျနော်တို့က ၅,၀၀၀ ပေးလိုက်ရတယ်။ မဖြစ်မနေ ပေးရမယ်တဲ့။ ဘောလုံးပွဲအတွက် သီးသန့်လာကောက်တာပဲ။ ဆယ်အိမ်မှူးက လာကောက်တာ” ဟု ဆီဆိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးကလည်း “ ဟုတ်တယ်။ ကျနော်တို့ ရွာထဲထိ လာကောက်တယ်။ ဘောလုံးပွဲဆိုပြီးတော့ပဲလာကောက်တာ” ဟု ဆိုင်လဲကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ယခင်နှစ်တွေ ပြုလုပ်တုန်းကလည်း ငွေကောက်ယူခဲ့ပေမဲ့ စေတနာရှိသလောက် ထည့်လို့ရပြီး ယခုနှစ်တွင် ဈေးအကန့်သတ်ဖြင့် ထည့်ရကြောင်း သိရသည်။

လက်ရှိ ကိုဗစ် – ၁၉ ကာလ နှင့် နိုင်ငံရေး အခြေနေကြောင့် ပြည်သူများကလည်း အခွန်ဆောင်ရတာများသည့် အတွက်ကြောင့် ငွေကြေးအတွက် အခက်ခဲရှိလာကြောင်း သိရသည်။

“ အခွန်က တစ်ခုပဲ ဆောင်နေရတာ မဟုတ်ဘူးလေ။ မီတာခတွေကော၊ ရပ်ရွာကအတွက်တွေကော ဆောင်ရတယ်။ အခုက စီးပွားရေးတွေလည်း အဆင်မပြေတော့ ပေးရတာများလာတော့ ခက်ခဲတာပေါ့။ ပိုက်ဆံ ၅,၀၀၀ ဆိုလည်း အရမ်းမများပေမဲ့လည်း ထမင်းတစ်နပ်ရတယ်။ အရင်ကတော့ စေတနာရှိသလောက်ဆိုပြီး လာကောက်တာ။ အခုတော့ အကန့်သတ်နဲ့ လာကောက်တာ” ဟု ဆီဆိုင်မြို့နယ် နောင်ကျကျေးရွာ ဒေသခံ အမျိုးသမီးက ပြောသည်။

အဆိုပါ ငွေကောက်ယူမှုသည် ဘောလုံးကန်မည့် အသင်းမှ ဝတ်စုံချုပ်ရန်၊ ဘိုးဖိနပ်ဝယ်ရန် အတွက် ကျေးရွာအုပ်စုများမှ ပေါင်းပြီး ကောက်ယူကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ တပ်ဖွဲ့အနေနဲ့ ကောက်တာမဟုတ်ဘူး။ ကျနော်တို့တပ်ဖွဲ့ ဦးဆောင်လုပ်ပေးတာ မတည်ငွေ သိန်း ၅၀၀ ပေးထားတယ်။ ဘောလုံးကန်မဲ့ အသင်းတွေအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေက ကောက်ပေးတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

နောင်ကားဘောလုံးပွဲကို ၁ လတိတိ ကျင်းပမှာဖြစ်ပြီး အကြီးတန်း ဘောလုံးကန်သည့်အသင်း ၁၉ သင်းရှိပြီး အငယ်တန်းကန်မည့်အသင်းက ၉၀ သင်းရှိကြောင်း သိရသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...