လောက်ကိုင်မြို့တွင်း တိုက်ပွဲဖြစ်မည့် သတင်းကြောင့် ကားများ အလုအယက်ငှားရမ်းနေ

လောက်ကိုင်မြို့တွင်း တိုက်ပွဲဖြစ်မည့် သတင်းကြောင့် ကားများ အလုအယက်ငှားရမ်းနေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ အလုအယက် ငှားရမ်းပြီး ကားမလုံလောက်မှု ဖြစ်နေကြောင်း သတင်းသိရ သည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် လောက်ကိုင်မြို့တွင်း တိုက်ပွဲပြင်းထန်လာနိုင်မည့် သတင်းကြောင့် လောက်ကိုင် ရောက် အလုပ်သမားများက ဇာတိမြေ အိမ်ပြန်ရန်အတွက် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ ငှားမလောက် ဖြစ်နေကြောင်း ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အလုပ်သမားတွေကတော့ စိုးရိမ်ကြလို့ အိမ်ပြန်ဖို့ ပြင်နေကြပြီ၊ ကားတွေကို အလုအယက်ငှားနေကြလို့ အဆင်း ကားက မလောက်တော့ဘူး၊ တိုက်ပွဲဖြစ်မယ်ဆိုလို့ စိုးရိမ်မှုတွေက မြင့်နေကြတယ်လေ၊ ကားခ ကတော့ ပုံမှန်ဖြစ် နေတုန်းပါပဲ” ဟု ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ထိုလောက်ကိုင်မြို့ထဲအထိ တိုက်ပွဲဖြစ်လာနိုင် သည့် သတင်းကြောင့် တချို့ ပြည်သူများက နေရပ်ကို ကြိုတင်တိမ်းရှောင်ထွက်ပြေး နေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လောက်ကိုင်မြို့မှ ဇာတိမြေ ပြန်မည့် အလုပ်သမားများ များပြားနေသည့် အတွက် ကားကွင်း မှ လိုင်းကားများ ငှားမလောက်သဖြင့် လောက်ကိုင်ဒေသခံမှ အိမ်စီးကားများလည်း ဝင်ဆွဲနေကြောင်း သတင်းသိရသည်။

“အခုက လောက်ကိုင် – ကွမ်လုံ ကားခကို ၆ သောင်းကျပ် ပေးနေရတယ်၊ အခုက ကားကွင်းမှာ ကားမလောက်ဘူးဗျ အခုဆို လောက်ကိုင်က အိမ်စီးကားတွေပါ ကားခ ကောင်းကောင်းရတော့ ဝင်ဆွဲနေကြတယ်ဗျ” ဟု လောက်ကိုင် မြို့ မှ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အိမ်ပြန်ရန် ကြိုးစားနေကြသည့် လောက်ကိုင်ရောက် အလုပ်သမားများသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မူဆယ်၊ ကျောက်မဲ စသည့် ဒေသခံများ နှင့် မြေပြန့်မှ ပြည်သူတချို့ ဖြစ်ကြောင်း သတင်း သိရသည်။

လောက်ကိုင်မြို့နယ်ထဲတွင် လောင်းကစားဝိုင်း အများအပြားရှိပြီး ရွှေ့ပြောင်းအလုပ်သမားများက လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းဂိမ်း၊ ဘာသာပြန် အလုပ်အကိုင်များ သွားရောက် လုပ်ကိုင်ကြသည့် နေရာဖြစ်သည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...