“UWSA” ထိန်းချုပ်ဒေသ ပန်ဆန်းမြို့နယ် ဗုံးပေါက်ကွဲ လူသေဆုံးမှုရှိ

“UWSA” ထိန်းချုပ်ဒေသ ပန်ဆန်းမြို့နယ် ဗုံးပေါက်ကွဲ လူသေဆုံးမှုရှိ

“UWSA” ထိန်းချုပ်သည့်ဒေသ ပန်ဆန်းမြို့နယ် နမ့်လွတ်ကျေးရွာအတွင်း ယမန်နေ့ (နိုဝင်ဘာ ၃၀) ရက် နံနက် ၈ နာရီတွင် ကားတစ်စီးမှ ဗုံးပေါက်ကွဲမှုဖြစ်ကာ လူသေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဗုံးပေါက်ကွဲသည့်နေရာသည် ပန်ဆိုင်းမြို့တွင်း လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ရုံးရှေ့ရှိ ခေါက်ဆွဲဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံးသူများ၏ အရေအတွက်ကို မသိရသေးကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခေါက်ဆွဲဆိုင်ရှေ့ ရပ်ထားတဲ့ Alphard ကားတစ်စီးထဲကနေ ဗုံးပေါက်ခဲ့တာပါ၊ ဘယ်သူ ဘယ်အဖွဲ့က လုပ်တာ ကို မသိဘူး၊ ခေါက်ဆွဲဆိုင်ထဲမှာ လူကလည်း များနေတဲ့အချိန်ဆိုတော့ ဗုံးပေါက်မှုကြောင့် ထိခိုက်သေဆုံးသူ လည်း များတယ်၊ တိတိကျကျတော့ မသိရသေးဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ထိခိုက်ဒဏ်ရာရသေဆုံးသူများတွင် ကိုယ်ဝန်သည် အမျိုးသမီး နှင့် သက်ကြီး ရွယ်အိုများလည်း ပါဝင် ပြီး စုစုပေါင်း (၃၀) နီးပါးခန့်က ထိခိုက်ဒဏ်ရာရ သေဆုံးမှု ရှိနေကြောင်း ဒေသခံများက ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗုံးပေါက်ကွဲမှု နှင့်ပတ်သက်ပြီး UWSA မှ ပြောရေးဆိုခွင့်ရှိသူကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

လက်ရှိတွင် နယ်မြေခံ UWSA တပ်ဖွဲ့မှ တာဝန်ရှိသူများက လုံခြုံရေးအင်အားဖြန့်ကျက်ထားပြီး စစ်ဆေးမှုများ လည်း ပြုလုပ်နေကြောင်း သိရသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...