ဆင်အင်းကြီးဒေသခံတွေသတ်ဖြတ်ခံရမှုဟာ စစ်ရာဇဝတ်မှုကျူးလွန်နေသလို ပြည်သူကိုခြိမ်းခြောက်နေတာဖြစ်တယ်လို့ဆို (နိုဝင်ဘာလ ၁၃၊ ၂၀၂၂)

ဆင်အင်းကြီးဒေသခံတွေသတ်ဖြတ်ခံရမှုဟာ စစ်ရာဇဝတ်မှုကျူးလွန်နေသလို ပြည်သူကိုခြိမ်းခြောက်နေတာဖြစ်တယ်လို့ဆို (နိုဝင်ဘာလ ၁၃၊ ၂၀၂၂)

- ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နေအိမ်တချို့ကို မီးရှို့ခဲ့သလို ဆင်အင်းကြီးကျေးရွာဒေသခံ ၁၀ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေက ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်နေသလို ပြည်သူတွေကိုခြိမ်းခြောက်နေတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

- ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီက နှစ်ရက်အတွင်း လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့်  ရခိုင်က ဒေသခံအရပ်သား နှစ်ယောက်သေဆုံးပြီး ၂၀ နီးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

- စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်အများအပြားကို ပိတ်ပင်ထားတဲ့အတွက် မြို့နယ်အသီးသီးက စားသောက်ကုန်တွေ မတင်ပို့နိုင်တာကြောင့် စစ်တွေမြို့အတွင်း ကုန်‌စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ဒေသခံတွေစားဝတ်နေရေး အခက်အခဲနဲ့ကြုံနေရပါတယ်။

Most read this week

August 22, 2026
- ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တဲ့ အရပ်သား ၄ ယောက်ရဲ့အလောင်းကို မိသားစုဝင်တွေက...
August 21, 2026
- အာဏာသိမ်းစစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF-...
August 20, 2026
- ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ...
August 19, 2026
- ကချင်ပြည်နယ်အတွင်းက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ခေါင်လန်းဖူးနယ်မြေတွေဟာ...