ဆင်အင်းကြီးဒေသခံတွေသတ်ဖြတ်ခံရမှုဟာ စစ်ရာဇဝတ်မှုကျူးလွန်နေသလို ပြည်သူကိုခြိမ်းခြောက်နေတာဖြစ်တယ်လို့ဆို (နိုဝင်ဘာလ ၁၃၊ ၂၀၂၂)

ဆင်အင်းကြီးဒေသခံတွေသတ်ဖြတ်ခံရမှုဟာ စစ်ရာဇဝတ်မှုကျူးလွန်နေသလို ပြည်သူကိုခြိမ်းခြောက်နေတာဖြစ်တယ်လို့ဆို (နိုဝင်ဘာလ ၁၃၊ ၂၀၂၂)

- ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နေအိမ်တချို့ကို မီးရှို့ခဲ့သလို ဆင်အင်းကြီးကျေးရွာဒေသခံ ၁၀ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေက ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်နေသလို ပြည်သူတွေကိုခြိမ်းခြောက်နေတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

- ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီက နှစ်ရက်အတွင်း လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့်  ရခိုင်က ဒေသခံအရပ်သား နှစ်ယောက်သေဆုံးပြီး ၂၀ နီးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

- စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်အများအပြားကို ပိတ်ပင်ထားတဲ့အတွက် မြို့နယ်အသီးသီးက စားသောက်ကုန်တွေ မတင်ပို့နိုင်တာကြောင့် စစ်တွေမြို့အတွင်း ကုန်‌စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ဒေသခံတွေစားဝတ်နေရေး အခက်အခဲနဲ့ကြုံနေရပါတယ်။

Most read this week

December 18, 2025
- ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ‌...
December 17, 2025
- ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးလာတဲ့အချိန် တနိုင်းမြို့နယ် မှော်ဒေသဘက်မှာ တိုက်ပွဲတွေ...
December 17, 2025
- အုပ်ချုပ်နယ်မြေတွေ ကျယ်ပြန့်လာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ထိတွေ့ဆက်ဆံပြီး ဒေသန္တရ...
December 16, 2025
- စစ်ကော်မရှင်ကို အမြန်ဆုံးအရေးယူပေးဖို့ မြောက်ဦးဆေးရုံဗုံးကြဲမှု နစ်နာသူမိသားစုဝင်တွေက...