ရေးမြို့နယ် အစင်ကျေးရွာအုပ်စုတွင် လှေလုပ်သားအချင်းချင်းလူသတ်မှုဖြစ်

ရေးမြို့နယ် အစင်ကျေးရွာအုပ်စုတွင် လှေလုပ်သားအချင်းချင်းလူသတ်မှုဖြစ်
by -
မွန်သတင်းအေဂျင်စီ
ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဓမင်းကုန်းရပ်ကွက်၌ စက်တင်ဘာလ ၅ ရက်နေ့တွင် လှေလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခုဖြစ်ပွားရာ တရားခံအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးစိုးမွန်က ပြောသည်။

mna0601ရေလုပ်ငန်းရှင် ဒေါ်မီးငယ် ငါးဖမ်းစက်လှေတွင် စက်ဆရာနှင့် လှေလုပ်သားများ အလုပ်လုပ်နေကြစဉ် ပိုက်ဖာသည့်ကိစ္စဖြင့်စကားများကြပြီး ထွန်းအေးမှ ဆိတ်ဂျိုတူဖြင့် မောင်စိုး၏ဦးခေါင်းကိုရိုက်လိုက်သောကြောင့် ရေထဲသို့ပြုတ်ကျသွားပြီးနောက် အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလောင်းအား ရေးမြို့ဆေးရုံကြီးစစ်ဆေးတွေ့ရှိချက်အရ မောင်စိုးမှာ ယာဘက်နားထင်သွေးထွက်ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူးဦးအောင်နိုင်ဝင်းက “သူတို့ရဲ့လုပ်ငန်းသဘာဝအရ ကြမ်းတမ်းတာလဲပါသလို ဒေသခံတွေမဟုတ်ဘဲ တစ်နိုင်ငံလုံးက လာတဲ့သူတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်လည်းမရှိကြဘူး၊ ရောက်လာတဲ့ပုံစံတွေကလည်း မျိုးစုံပြီးကွဲပြားကြတယ်၊ ဒီဖြစ်စဉ်မျိုးတွေ ဖြစ်နေတာကို တစ်နည်းနည်းနဲ့ ကုစားဖြေရှင်းပေးနိုင်မှ ဖြစ်မယ်လို့တော့ မြင်တယ်၊ အဓိကကတော့ တရားဥပဒေစိုးမိုးရေးရှိဖို့ပေါ့ဗျာ '' ဟု မှတ်ချက်ပြုသည်။

အဆိုပါပြစ်မှုတွင် ဆိတ်ဂျိုတူဖြင့်ရိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ
တရားခံအဖြစ်ယူဆရသူ မောင်ထွန်းအေး (၃၆)နှစ်အား ရေးမြို့မရဲစခန်းက မမစ(ရေး) (ပ) ၂၁၆/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

“ရေးမြို့နယ်မှာဖြစ်တဲ့ သေမှုသေခင်းနဲ့ လူသတ်မှုအများစုက ရွှေ့ပြောင်းရေလုပ်သားတွေအများစုရှိတဲ့ အဘော်ကျားတန်းနဲ့ အစင်ကျေးရွာအုပ်စုအတွင်းမှာ အဖြစ်များတယ်၊ ပြောရလို့ရှိရင် ၆၀% ကျော်က
အဲဒီနေရာတွေမှာဖြစ်နေကြပဲ” ဟု ဦးအောင်နိုင်ဝင်းက မှတ်ချက်ပြုသည်။

ရေးမြို့နယ်၌ ၂၀၁၆ ခုနှစ်အတွင်း သေမှုသေခင်းနှင့် လူသတ်မှုပေါင်း ၆၉ ခုဖြစ်ပွားခဲ့ကြောင်း၊ သေမှုသေခင်းဖြစ်စဉ် ၅၈ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့် သေမှုသေခင်းဖြစ်စဉ်ပေါင်း ၄၅ ခုပါ၀င်ကြောင်း၊ လူသတ်မှုဖြစ်စဉ် ၁၁ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ပေါင်း ၆ ခုပါ၀င်ကြောင်း၊ လာမည့်ပွင့်လင်းရာသီတွင် ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများအား ပညာပေးဟောပြောမှုများ ဆောင်ရွက်ရန်ရှိကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...