အရှေ့တီမောသမ္မတကို မြန်မာပြည်ကစစ်ရာဇဝတ်မှုတွေအကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့သွားရောက်တင်ပြ

အရှေ့တီမောသမ္မတကို မြန်မာပြည်ကစစ်ရာဇဝတ်မှုတွေအကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့သွားရောက်တင်ပြ

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အာဆီယံအဖွဲ့၀င် အရှေ့တီမောနိုင်ငံ (Timor-Leste) ၊ ဒီလီမြို့ရှိ သမ္မတနန်းတော်သို့ သွားရောက်ပြီး သမ္မတ José Ramos-Horta နဲ့ တစ်နာရီကြာ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ CHRO က ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်နေတဲ့ “ထိတ်လန့်ခြောက်ခြားဖွယ်ရာ အုပ်ချုပ်မှုစနစ်” နဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။

အထူးသဖြင့် စစ်ကော်မရှင်က ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ၊ အရပ်သားပြည်သူတွေကို စနစ်တကျ သတ်ဖြတ်နေတာတွေကို သမ္မတထံ အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်က မတူပီမြို့နယ်အတွင်း သတင်းထောက်တစ်ဦးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၀ ဦးကို အစုလိုက်သတ်ဖြတ်ခဲ့မှုနဲ့ ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်ခဲ့မှုတွေအတွက် မြန်မာစစ်ကော်မရှင်အဖွဲ့ဝင် ၁၀ ဦးကို ဒီလီမြို့မှာ တရားစွဲဆိုထားတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

CHRO အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk က “ကျွန်တော်တို့ ကိုယ့်နိုင်ငံထဲမှာ တရားမျှတမှုကို အငြင်းပယ်ခံခဲ့ရပေမဲ့၊ အခုလို တရားမျှတမှုအတွက် ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ ဤမြေပေါ်မှာတော့ ဆုံးရှုံးခဲ့ရတဲ့ တရားမျှတမှုတွေအတွက် ပြန်လည်ကုစားခွင့် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Timor-Leste နဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ တူညီတဲ့ သမိုင်းကြောင်းရှိတာကြောင့် အခုလို တွေ့ဆုံမှုဟာ မြန်မာပြည်သူတွေရဲ့ ငိုကြွေးသံကို ကမ္ဘာကကြားအောင် လုပ်ဆောင်ရာမှာ မျှော်လင့်ချက်တစ်ခု ဖြစ်လာတယ်လို့ Chin Human Right Organization (CHRO) ကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြရေးသားထားပါတယ်။

မြန်မာစစ်ကော်မရှင်က မြန်မာပြည်သူများအပေါ် ကျူးလွန်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရှေ့တီမော(Timor-Leste) နိုင်ငံ၊ Dili မြို့က အစိုးရရှေ့နေရုံးမှာ တရားစွဲဆိုနိုင်ရေးအတွက်လျှောက်ထားစာကို ဇန်နဝါရီလ ၁၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

ဒီအမှုကို  ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့အဖွဲ့ကနေ Myanmar Accountability Project (MAP) ရဲ့ ဝန်းရံပံ့ပိုးမှုနဲ့အတူ Timor-Leste နိုင်ငံအခြေစိုက် Da Silva Teixeira & Associados Lda ရှေ့နေအဖွဲ့က ရှေ့နေတွေဖြစ်တဲ့ Jose Teixeira နဲ့ Nuno Marazes တို့ရဲ့ အကူအညီကိုယူပြီး အစိုးရရှေ့နေရုံးမှာ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းစတင်ပေးဖို့ တရားဝင် တိုင်ကြားစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...