ရဲနှင့် ပျူစောထီးများကို လောင်းလုံးတွင် PDF များက တိုက်ခိုက်၊ ၂ ဦးသေ

ရဲနှင့် ပျူစောထီးများကို လောင်းလုံးတွင် PDF များက တိုက်ခိုက်၊ ၂ ဦးသေ

ရဲနှင့် ပျူစောထီးပူးပေါင်း ၅ ဦး ပါအဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေ၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျောက်နီမော်၊ အောက်ကျပ်ဝပ်ကျေးရွာ လမ်းပိုင်းတွင် ဆက်ကြေး ကောက် ပြီး ပြန်လာသည်ဟု ဆိုသော ကျောက်နီမော် ရဲစခန်းမှ ရဲနှင့် ရွာခံ ပျူစော ထီး ဦးသိန်းဇော် အပါအဝင် ၅ ဦးတို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာလ ၂၉ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် စတင် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“နှစ်ဘက်အပြန်အလှန်ပစ်ခတ်သံတွေ တစ်နာရီလောက်ကြားရတယ်။ ရွာသားတွေ ကြောက်လန့်ပြီး အိမ်ထဲက မထွက်ရဲကြတော့ဘူး” ဟု အသက် ၃၅ နှစ်အရွယ် အောက်ကျပ်ဝပ်ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု အတွင်း ပျူစောထီးများဘက်က ၂ ဦးပွဲချင်းပြီး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်ဟု LLPDFအဖွဲ့က ထိုနေ့ ညပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ၂ ဦး ထိခိုက်ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပြီး မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ကျောက်နီမော် ရဲစခန်းဘက်မှ စစ်ကူဆင်းလာသဖြင့် LLPDF တပ်ဖွဲ့က ပစ်ခတ်မှုရပ်စဲပြီး ဆုတ်ခွာခဲ့ကြရသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ထိုတိုက်ခိုက်မှုသည် ကျေးရွာနေ ပြည်သူများနှင့် သက်ဆိုင်မှု မရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထား သည့် အပြင် ပြည်သူများကို အနိုင်ကျင့်နေသည့် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် သတင်းပေးများ ကို အလျဉ်းသင့်သလို ဆက်လက်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...