တင်းကျပ်လာတဲ့စည်းမျဉ်းတွေအောက်မှာ မြန်မာပြည်တွင်းက မိသားစုကိုဦးစီးနေရတဲ့ချင်းအမျိုးသမီး

တင်းကျပ်လာတဲ့စည်းမျဉ်းတွေအောက်မှာ မြန်မာပြည်တွင်းက မိသားစုကိုဦးစီးနေရတဲ့ချင်းအမျိုးသမီး

“အခုနောက်ပိုင်း ကျမတို့မြို့က ဘဏ်တွေ အကုန်လုံးပိတ်ထားတယ်။ Kpay ကလည်းထုတ်မရဘူး။ ရတဲ့နေရာကလည်း ရာခိုင်နှုန်းများများနဲ့ထုတ်ရတယ်။ ပစ္စည်းမှာဖို့နဲ့ပို့ဖို့ဆိုရင် လုံးဝအဆင်မပြေတော့ဘူး”

အခုလိုပြောတာကတော့ ချင်းအထည်တွေကို တစ်နိုင်တစ်ပိုင် ပြည်တွင်း၊ ပြည်ပကို တင်ပို့ရောက်းချနေတဲ့ အမျိုးသမီးလူငယ်တစ်ဦးဖြစ်သူ မိုင်နှင်းနှင်းရဲ့အလယ်အလတ် စီးပွားရေးအပေါ် လက်ရှိအကြပ်အတည်းကာလရဲ့ နိုင်ငံရေးအခြေအနေကြောင့် စိန်ခေါ်မှုအခက်အခဲတွေကို ပြောပြတာပါ။

မြန်မာနိုင်ငံမှာ အသုံးပြုရလွယ်ကူပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ငွေလွှဲစနစ်ကို အများဆုံးအနေနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို အများပြည်သူအကြားတွင်တွင်ကျယ်ကျယ် နဲ့ ငွေလွှဲကဏ္ဍတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ATM စက်ကနေ ငွေသားထုတ်မရတာနဲ့ ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေးတွေကို မိမိပိုင်ဆိုင်သလောက်ထုတ်မရကနေ ငွေသွင်းငွေလွှဲမှာ အခက်အခဲ စဖြစ်လာတာဖြစ်ပါတယ်။

Mobile ငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့ နီးစပ်ရာ ကိုယ်စားလှယ်တွေ (Agent)တွေနဲ့ ဘဏ်တွေဆီသွားပြီး ကိုယ်ရေးအချက်အလက်တွေကို အဆင့် ၂ (level-2)သို့ အချိန်မီတိုးမြှင့်ရန်လိုအပ်ပြီး ကိုယ်ရေးအချက်အလက် ပြည့်စုံစွာ မဖြည့် သွင်း ထားတဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို အပြီးတိုင်ပိတ်သိမ်းသွားတော့မယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် က စက်တင်ဘာလ (၁၆)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ အီလက်ထရောနစ် စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူတွေကို ကောင်းစွာသိမြင်ခြင်း ၊ လုပ်ငန်းစဉ်တွေကို နိုင်ငံတကာစံနှုန်း တွေနဲ့အညီ မိုဘိုင်းငွေကြေးစာရင်းတွေကို ဖြည့်စွပ်ထားတဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နှင့် ဆင်းမ်ကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောမှတ်ပုံတင်ခြင်း ဒေတာဘေ့စ် များအချက်အခက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ကိုယ်ရေး အချက်အလက်ပြည့်စုံစွာဖြည့်စွတ်ရန်လိုအပ်တယ်လို့ဖော်ပြထားပြီး သတ်မှတ်ကာလအတွင်းဆောင်ရွက်နိုင် ခြင်းမရှိတဲ့ မိုဘိုင်းငွေကြေးစာရင်းတွေကို အပြီးတိုင်ပိတ်သိမ်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြေခံလူတန်းစားတွေအပါအဝင် အများပြည်သူက ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတဲ့ ဒစ်ဂျစ်တယ် မိုဘိုင်း ငွေကြေးစနစ်တွေကို ကန့်သတ်မှုတွေ ပိုမိုဆိုးရွားလာတာနဲ့အမျှ အများပြည်သူရဲ့ငွေသွင်း၊ ငွေထုတ်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သက်ရောက်မှု ဆိုးရွားလျက်ရှိနေပါတယ်။

မိုင်နှင်းနှင်းက " အခုနောက်ပိုင်း Kpay ကို ကန့်သတ်တာတွေ လုပ်တာရှိတော့ ကိုယ့်သူငယ်ချင်းတစ်ယောက်ဆိုရင် အဲ့လိုကြုံရတာရှိတော့ ကျမလည်း Kapay ထဲမှာပိုက်ဆံအများကြီးမထည့်ထားရဲတော့ဘူး။ လိုအပ်တယ်ဆိုတဲ့အချိန်ကျမှ ဘဏ်အကောင့်ကနေ ပြန်လွှဲတယ်၊ အဲလိုသုံးနေရတယ် ကြောက်ကြောက်နဲ့ သတိထားရတာပေါ့"လို့ပြောပါတယ်။

မြန်မာလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ ဒစ်ဂျစ်တယ်ငွေစာရင်းတစ်ခုဖြစ်တဲ့ KBZ Pay အကောင့်အချို့ပိတ်သိမ်းခံရတာတွေ ရှိလာတဲ့အတွက် KBZ Pay ငွေလွှဲဝန်ဆောင်ပေးတဲ့ ဆိုင်အချို့က စိုးရိမ်ပြီး ရပ်ဆိုင်းတဲ့အထိ ရှိလာတာတွေလဲ ရှိနေပါတယ်။

ဗဟိုဘဏ်ကတော့ ဒစ်ဂျစ်တယ်Mobile ငွေကြေးအကောင့်တွေ မှားရွင်းပိတ်သိမ်းခံရတယ်ဆိုရင် ဘဏ်ကိုတင်ပြနိုင်တယ်လို့ ကြေညာထားပါတယ်၊ လက်တွေ့ပိတ်သိမ်းခံရသူတွေမှာ အကောင့်ပြန်ဖွင့်နဲ့ မိမိအကောင့်ထဲကငွေတွေ ပြန်ရရှိဖို့ တိကျတဲ့ဖြေရှင်းမှု မရကြသေဘူးလို့လည်း သိရပါတယ်။

မိုင်နှင်းနှင်းဟာ တပိုင်တနိုင်နဲ့ ချင်းရိုးရာအထည်ဆိုင်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လလောက်ကနေ စတင်ပြီး ပြည်တွင်းမှာသာမက ပြည်ပအထိပါ ဖြန့်ဝေ ရောင်းချတဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မိုင်နှင်းနှင်းက "ချင်းရိုးရာအထည်တွေကို ပြည်တွင်းပြည်ပကို ဖြန့်ဝေရတာဆိုတော့ Kapay ကိုပဲ အများဆုံးအသုံးပြုခဲ့တယ် အဆင်ပြေခဲ့တယ်။ Kapay ကရာခိုင်နှုန်းအင်မတန်များတဲ့အချိန်ဆိုရင် ဥပမာ ၈ ရာခိုင်နှုန်းပေးရတဲ့ချိန်ဆိုရင် အထည်တစ်ထည်ဝယ်တယ် ရှစ်သောင်းကျတယ်ထားပါတော့ အဲ့မှာကိုယ့်ဘက်က ၄ ရာခိုင်နှုန်း ဝယ်သူဘက်က ၄ ရာခိုင်နှုန်း ဆိုပြီးတော့ မျှပြီး နားလည်မှုနဲ့ လုပ်ရတယ်"လို့ သူမအခက်ခဲကို ပြောပါတယ်။

ရန်ကုန်၊ မန္တလေးတို့လိုမြို့ကြီးတွေမှာ အလုပ်လုပ်ကိုင်ပြီး နယ်ကို ငွေပြန်ပို့ကြသူတွေ နယ်စပ်တွေမှာ အလုပ်လုပ်ကိုင်ပြီး ပြည်တွင်းဘက်ကို ငွေပြန်ပို့ကြတဲ့သူတွေမှာလည်း အခုလို ဗဟိုဘဏ်ကချမှတ်လာတဲ့တင်းကျပ်တဲ့ကန့်သက်ချက်တွေကြောင့် အခက်ခဲတွေ ဖြစ်နေကြပါတယ်။

ဒီလိုပြုလုပ်နေခြင်းဟာ ပြည်သူလူထုတွေအနေနဲ့ ငွေသွင်းငွေယူ စနစ်တွေကို ဘယ်လိုဆက်လုပ်ရမှန်းမသိအောင်ကို အကြပ်အတည်း ကြီးလှပါတယ် အဲဒါဟာ စစ်ကောင်စီရဲ့ မှားယွန်းတဲ့ ဘဏ္ဍာရေးမှုဝါဒတွေဖြစ်ပြီး ဘဏ္ဍာရေးပေါက်ကွဲ ပျက်စီးသွားဖို့့ပဲမြင်တယ်လို့ စီးပွားရေးအကြံပေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

မိုင်နှင်းနှင်းဟာ ကိုဗစ် တတိယလှိုင်းမှာ ယောကျာ်းကွယ်လွန်ပြီးနောက် သားသမီး၂ ဦးနဲ့ဘဝကိုရုန်းကန်နေရကာ သားသမီးကိုထားပြီး မိခင်၁ယောက်အနေနဲ့ ပြည်ပမှာအလုပ်လုပ်ကိုင်ဖို့လည်းမဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့စစ်အာဏာသိမ်းမှုနောက် မြန်မာပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတချို့ထွက်ခွါမှု၊အလုပ်အကိုင်ရှားပါးမှု၊ဘဏ်နဲ့ငွေကြေးပြသနာ ကန့်သတ်ထိန်းချုပ်မူတွေ၊စစ်တလင်းဖြစ်နေတဲ့ချင်းပြည်နယ်က အိမ်မဲ့ရာမဲ့အလုပ်လက်မဲ့ ဒုက္ခသည်ဆွေမျိုးသားချင်းတွေကို ပြည်ပက ချင်းတွေကလည်း နေထိုင်ရပ်တည်ရေးငွေထောက်ပံ့တာဖက်အာရုံဦးစားပေးနေတာကြောင့် မိုင်နှင်းနှင်းလိုပြည်တွင်းမှာချင်းရိုးရာအထည်ဆိုင်ဖွင့်အသက်မွေးသူတွေဟာ ရောင်းမကောင်းပဲပိုဒုက္ခရောက်နေပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...