မိုးရာသီမှာ ငှက်ဖျားရောဂါကို အလူးအလဲခံစားခဲ့ကြရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်တွေ

မိုးရာသီမှာ ငှက်ဖျားရောဂါကို အလူးအလဲခံစားခဲ့ကြရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်တွေ
Photo by CHO
Photo by CHO

Salai Kabaw - ချင်းပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ အခုနှစ် ၂၀၂၂ မိုးကာလပိုင်းအတွင်း ငှက်ဖျားရောဂါပိုးတွေ့ တဲ့ဦးရေက ၂၀၂၀ တစ်နှစ်လုံး ပိုးတွေ့မှုထက် ပိုများပြားခဲ့တာကို တွေ့ရတယ်လို့ Chin Health Organization က ဇူလိုင်လ ၈ ရက်နေ့တုန်းက ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းတိုက်ပွဲတွေကြောင့် တောထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားပိုးတွေ့ရှိတာတွေ များနေတယ်လို့ စစ်ဘေး‌ရှောင်တွေကို ကူညီပေးနေတဲ့ Chin Health Organization ထံကနေ သိရပါတယ်။

တောထဲတောင်ထဲမှာ စစ်ဘေးရှောင်ရပြီး လူအပြောင်းအရွှေ့များတာကြောင့် ငှက်ဖျားရောဂါက အထူးများပြားလာခဲ့တာတွေ့ရပြီး ဒီငှက်ဖျားရောဂါထဲကမှ သာမန်ငှက်ဖျားအပြင် ပြင်းထန်ငှက်ဖျား ( ဦးဏှောက်သို့ ငှက်ဖျားပိုးဝင်ခြင်း) တွေက လူကို သေဆုံးတာတွေထိ ဖြစ်စေခဲ့ပါတယ်လို့လည်း စစ်ဘေး‌ရှောင်တွေကို ကူညီပေးနေတဲ့ ချင်းပြည်နယ် ကျန်းမာရေးအဖွဲ့ Chin Health Organization ကပြောပါတယ်။

အခုနှစ်မိုးရာသီဟာ ငှက်ဖျားကူးစက်မှု အမြင့်ဆုံး ရာသီလည်းဖြစ်ပါတယ်။ ဒါကြောင့် ချင်းပြည်နယ်အတွင်းမှာ တချို့မြို့နယ်တွေကို စစ်ဆေးတွေ့ရှိချက်အရ အခုလပိုင်းအတွင်း တွေ့ရတဲ့ ပိုးတွေ့ဦးရေဟာ အရင် ၂၀၂၀ တစ်နှစ်လုံး ပိုးတွေ့မှုထက် ပိုများပြားနေတာကိုလည်း တွေ့ရတယ်လို့ Chin Health Organization(CHO ) အဖွဲ့က ဇူလိုင်လ ၈ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ် ဆမီးမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ဦးက “ဒီမိုးရာသီ အရင် ၂ လလောက်က အိမ်တိုင်းနီးပါလိုလို ဖျားကြနာကြတယ် တချို့ သေတာတွေလဲရှိတယ် သေတဲ့စာရင်းတော့ အတိကျမသိဘူး ကျတော်လည်း ဖျားသေးတယ် ကျနော်က ဆေးသောက်ဖို့ ရှိတာနဲ့ ခံသာသေးတယ် တော်တော်များများက ဖျားတာတောင် ဆေးသောက်ဖို့တောင် မရှိဘူး တော်တော်လေးအခြေအနေဆိုးခဲ့တယ်”လို့ပြောပါတယ်။

ဖျားနာနေကြပေမယ့် ကုသမယ့် ဆေးဝါးမရှိတာ ဝယ်ယူဖို့ ဆေးမရှိတာတွေကြောင့် အခြေနေတွေ တော်တော်လေး ဆိုးဝါးခဲ့ရတယ် လို့လဲ ဆမီးမှာ စစ်ဘေးရှောင်နေတဲ့သူက ပြောပါတယ်။

ချင်းပြည်နယ်ထဲက လက်လှမ်းမီတဲ့ မြို့နယ် ၅ ခုက စစ်ဘေးရှောင်တွေကို သွေးဖောက်စစ်ဆေးတဲ့အခါ စစ်ဆေးသူပေါင်း ၂၅၀ လောက်က တစ်ဝက်လောက်မှာ ငှက်ဖျားပိုးကို တွေ့ရတယ်လို့ CHO အဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အခုလိုဖြစ်တာဟာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးရှုပ်ထွေးမှု နဲ့ ကိုဗစ်ကာလ အတွင်းမှာ ဆေးစိမ်ခြင်ထောင်တွေ လုံလောက်အောင် မဖြန့်ဖြူးနိုင်တာတွေ အပြင် ဆေးဝါးဝယ်ယူ ဖြန့်ဖြူးရေးခက်ခဲမှုတွေကြောင့် ငှက်ဖျားဆေး အပါဝင်အခြေခံ ဆေးဝါးပြတ်လပ်မှုတွေဖြစ်လာတဲ့အတွက်လည်း ဖြစ်ပါတယ်လို့ CHO အဖွဲ့က ပြောပါတယ်။

ငှက်ဖျားရောဂါကာကွယ် ကုသဖို့ လိုအပ်နေတဲ့ ဆေးစိမ်ခြင်တောင်များနဲ့ ဆေးဝါးများ အချိန်မှီမရရှိပါက ကျန်းမာရေးပြဿနာများ ယခုထက်ပိုမိုဆိုးရွားမှုများ ရင်ဆိုင်ကြရမည်ဖြစ်သောကြောင့် ကျန်းမာရေးပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အထူးသဖြင့် NGO , INGO များ ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းကို ကာကွယ်ထိန်းချုပ်နိုင်မယ်လို့

Chin Health Organizationအဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်ဘေးရှောင်တွေဟာ များပြားလာပြီးတော့ စစ်ရှောင်စခန်းတွေမှာ စစ်ဘေးဒုက္ခသည်တွေဟာ စုပြုံလာနေပါတယ်။ ဒီလိုစုပြုံလာတာနဲ့အမျှ စားနပ်ရိက္ခသည်တွေ ခက်ခဲလာမှုအပြင် ပြည်သူ့ကျန်းမာရေး ပြသနာတွေ ခေါင်းထောင်လာနေရတယ်လို့ စစ်ဘေး‌ရှောင်တွေကို ကူညီပေးနေတဲ့

Chin Health Organization ထံကသိရပါတယ်။

လက်ရှိမှာလဲ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာကြောင့် အိုးအိမ်တွေပစ်ထားပြီး စစ်ဘေးရှောင်နေကြသူတွေ နေ့စဉ်နဲ့မျှ များများလာတယ်လို့လဲ ပလက်ဝမြို့နယ် ဆမီးမှာနေထိုင်သူတွေထံက သိရပါတယ်။

ဆမီးဒေသခံတစ်ဦးက “ခုကြားနေရတာက ကျေးရွာတွေစွန့်ပြီး ထွက်ပြေးလာတဲ့ သူတွေကို သူတို့ရဲ့ ကျေးရွာတွေကို ပြန်ဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ်လို့ သိရတယ် ဒီရက်ပိုင်းကတောင် ကျေးရွာ ၃ ရွာက ဒေသခံတွေ ဒီဘက်ကို စစ်ဘေးရှောင်လာကြတယ်”လို့ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ ကျေးရွာပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ချင်းပြည်နယ်မှာ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာခူမီး၊ ခေါင်စို၊ အနူး၊ မာရာ၊လိခဲမ်၊စသောချင်းမျိုးနွယ်စုများနေထိုင်ကြပါတယ်။ပလက်ဝမြို့နယ်တွင်နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရခိုင်၊ဗမာ၊မွန်၊ရှမ်း၊ကချင်နှင့် ကရင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊အစ္စလာမ်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦး ရေ၏ ၀.၁၄၈%မှာ အခြား သောနိုင်ငံခြားမျိုးနွယ်ဝင်များဖြစ်ကြသည့် ဘင်္ဂလား ဒေရှ့်၊အိန္ဒိယနှင့် မရာမာကြီးလူမျိုးများဖြစ်သည်။

၂၀၁၈ ခုနှစ်ကတည်းက ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲအပြင်းအထန် ပလက်ဝမြို့နယ်မှာလည်း ဖြစ်ပွါးခဲ့တာဖြစ်ပြီး စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာလဲ ဒေသအတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာဖြစ်ပြီး နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာတွေရှိကြသလို တချို့က ချင်းပြည်နဲ့နယ်စပ်ခြင်းထိစပ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခိုလှုံကြရပါတယ်။

Chin Health Orginazation အဖွဲ့အစည်းအနေနဲ့လည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက Aizawl မြို့မှာ BM Hospitaal, MSU , MRRC တို့နဲ့ ပူးပေါင်းပြီး ဆေးခန်းတွေကို ဖွင့်လှစ်ထားပါတယ်။ ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ နိုင်ငံရေးအခြေနေအရ ကျန်းမာရေးစနစ်နဲ့ အလှမ်းဝေးတဲ့ ပြည်သူတွေကိုလည်း မြို့နယ်အလိုက် Mobile Team တွေဖွဲ့စည်းကာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ လူဦးရေအားဖြင့် ၄၇၈,၀၀၀ ကျော်ထိ ရှိပြီး၊ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခရစ်ယာန် ဘာသာဝင်တွေဖြစ်ကြပါတယ်။ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ချင်းလူမှုအဖွဲ့အစည်းတချို့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်AA နဲ့ စစ်ကောင်စီတပ်တွေအကြား ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အထိ တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွါးခဲ့တာပါ။

စစ်ရေးတင်းမာမှုတွေ တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ဆို့တာတွေကြောင့် အခြေခံလူသုံးကုန်ပစ္စည်းနဲ့ စားနပ်ရိက္ခာ ဆေးဝါးတွေ ပြတ်လပ်နေတာ လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...