တီးတိန်မြို့နားမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကော်မရှင်တပ်မှ ရိဒ်လမ်းခွဲကနေ မြို့တွင်းလမ်းအားလုံး ပိတ်ဆို့

တီးတိန်မြို့နားမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကော်မရှင်တပ်မှ ရိဒ်လမ်းခွဲကနေ မြို့တွင်းလမ်းအားလုံး ပိတ်ဆို့
Photo credit - CJ
Photo credit - CJ

နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual တဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် တီးတိန်မြို့နယ်မှာ အခြေချ စစ်ရေးလှုပ်ရှားတဲ့ PDF-Zoland တပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကာ စစ်ကော်မရှင် စစ်သားများမှ တီးတိန်မြို့လယ် ရှိ Lamzang Lamka ခေါ် ရိဒ်လမ်းခွဲ ကနေ မြို့တွင်း ယာဉ်သွား ယာဉ်လာ အားလုံး ပိတ်ထားခဲ့ကြောင်း တီးတိန်မြို့နေ ပြည်သူများထံမှ သိရှိရပါတယ်။

“တီးတိန်မြို့ကနေ လက်နက်ကြီး လက်နက်ငယ် မျိုးစုံ ပစ်ဖောက်သံ ကြားရတယ်။ ၂၆၉ တပ်ရင်းကနေလည်း လက်နက်ကြီးနဲ့ ကူပစ်နေတယ်။ သေနတ်သံကလွဲရင် တမြို့လုံး တိတ်ဆိတ် သွားတာပဲ။ မနက် ၁၀ နာရီခွဲ လောက်မှာတော့ သေနတ်သံ အားလုံး ပြန်ငြိမ်သွားတယ်” လို့ တီးတိန်မြို့နေ ပြည်သူတစ်ဦးက Chin World Media ကို ပြောပါတယ်။

ဒေသခံ ပြည်သူများရဲ့ လူမှုကွန်ယက်များမှာတော့ Saimual နဲ့ ဆဲဇန်ရွာကြားမှာ တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ပြည်သူများ အနေဖြင့် ခရီးသွားလာမှုများ မပြုလုပ်ကြရန် သတိပေးသည့် စာများ ရေးသားထားတာ တွေ့ခဲ့ရပြီး တော်လှန်ရေး တပ်ဖွဲ့များ အနေနဲ့မူ တိုက်ပွဲအကြောင်း ဖော်ပြရေးသား ထားတာမျိုး မရှိသေးကြောင်း တွေ့ရှိရ ပါတယ်။

“တိုက်ပွဲဖြစ်တာနဲ့ သိပ်မကြာဘူး။ လွယ်ဘွာလ်ရပ်ကွက်မှာ ရှိတဲ့ ရိဒ်လမ်းခွဲတဝိုက်မှာ စစ်တပ်တွေက နေရာယူပြီး ယာဉ်သွား ယာဉ်လာ အားလုံး ပိတ်ဆို့လိုက်တယ်။ ရိဒ်လမ်းခွဲနေရာကို ဒေသခံတွေက Lamzang lamka လို့ခေါ်ကြတယ်။ လမ်းလွှဲတွေလည်း ပိတ်ထားတယ်။ မဖြစ်မနေ ဖြတ်သန်းဖို့ ရှိရင်တောင် အောက်ဘက်ရှိ လမ်းလွှဲကနေ ခြေလျင် ဖြတ်သန်းခွင့်တော့ ပြုတယ်” လို့လည်း မြို့တွင်းလမ်းဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး တီးတိန်မြို့ခံ တစ်ဦးထံမှ ဆက်လက် သိရှိရပါတယ်။

တီးတိန်မြို့ရှိ ၂၆၉ တပ်ရင်းကနေ စစ်ကော်မရှင်စစ်တပ်များ အင်အားအလုံးအရင်းဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ ကစပြီး တီးတိန်-ကလေး လမ်းမ တလျှောက် စစ်ကြောင်းထိုး ချီတက်ခဲ့တာကြောင့် လမ်းမတလျှောက်ရှိ နေရာအနှံ့မှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း ဆက်လက် သိရှိရပါတယ်။

Most read this week

January 14, 2026
မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂...
January 14, 2026
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး...
January 13, 2026
စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်...
January 12, 2026
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က...