တီးတိန်မြို့နယ်မှာ နွားနောက် ရှာသူ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး သေဆုံး

တီးတိန်မြို့နယ်မှာ နွားနောက် ရှာသူ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး သေဆုံး

ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန် အလည်ပြန်လာတဲ့ ရွာသား အမျိုးသား ၃ ဦးဟာ စစ်ကျန်မိုင်း နင်းမိခဲ့တာကြောင့် ၂ ဦး သေဆုံးခဲ့ပြီး

ကျန်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာများ ရရှိသွားတယ်လို့ ဒေသခံ ရွာသားများထံမှ သိရှိရပါတယ်။

“သူတို့က နွားနောက် ရှာဖို့ ဆိုပြီး ဘဲကန့်ရွာ ကို ပြန်သွားကြတာ။ သူတို့ နင်းမိတာက နင်းမိုင်းလား၊ ဘာမိုင်းလဲ ဆိုတာတော့ မသိရဘူး။ နှစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်တယောက်ကတော့ ဒဏ်ရာ နည်းနည်း ရတယ်။ လက်ရှိ အခြေအနေအရ ကျွန်တော်တို့ သိခွင့်ရတာ ဒီလောက်ပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ Pa Ngin Za Mung (၃၉ နှစ်) နှင့် Pa Pau Khawm Cin (၄၀ နှစ်) တို့ ဖြစ်ပြီး တီးတိန်မြို့နယ် ဘဲကန့် ရွာသားများ ဖြစ်ကြတယ်လို့လည်း သိရှိရပါတယ်။

“စစ်ပွဲ ဖြစ်ပွားတာ မကြာသေးဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ပြန်ခွင့် မပြုသေးဘူး။ ဒါပေမယ့် သူတို့ သုံးယောက်က နွားတွေ၊ နွားနောက်တွေ သွားကြည့်မယ်ဆိုပြီး ဘဲကန့်ရွာဘက်ကို ပြန်သွားကြတာ” လို့ Chin World Media ရဲ့ စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ပြောပြပါတယ်။

ဘဲကန့်ရွာဟာ သိုင်းငင်းလမ်းခွဲအလွန် ဖလမ်းဘက် လမ်းမကြီးပေါ်ရှိ ရွာတရွာ ဖြစ်ပြီး လက်ရှိ စစ်ကော်မရှင် စစ်တပ်ရဲ့ စစ်ကြောင်း ဖြတ်သန်းခဲ့တဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကလေးမြို့ကနေ သိုင်းငင်းကို ဦးတည်၍ လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ တီးတိန်မြို့ကနေ သိုင်းငင်းကို ဦးတည်၍ လည်းကောင်း စစ်ကော်မရှင် စစ်တပ်များ စစ်ကြောင်းထိုး ချီတက်ခဲ့ပြီး သိုင်းငင်း လမ်းခွဲကနေ ဖလမ်းမြို့ သွားသည့် လမ်းအတိုင်း ဆက်လက် စစ်ကြောင်းထိုး ချီတက်ခဲ့တာကြောင့် လမ်းပိုင်းတလျှောက်တွင် ဒေသတော်လှန်ရေးတပ်ဖွဲ့ အသီးသီးနဲ့ တိုက်ပွဲများ ရက်ဆက်နီးပါး ဖြစ်ပွားခဲ့ပြီး လမ်းမကြီးတလျှောက်ရှိ ရွာများဟာ ဘေးလွတ်ရာကို စစ်ရှောင်နေကြဆဲ ဖြစ်ပါတယ်။

Most read this week

February 26, 2026
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ...
February 25, 2026
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘...
February 25, 2026
ချင်းတောင်ခြေ ၊စစ်ကိုင်းတိုင်း၊ ကလေးမြို့ – ရန်ကုန် – မန္တလေးကို ပျံသန်းပြေးဆွဲနေတဲ့...
February 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း မှန်တော တိုက်ပွဲမှာ...