နမ့်ဆန် ကလေးငယ် နှင့် အမျိုးသမီး (၁) ဦး မန္တလေးမြို့သို့ ဆေးသွားကုရင်း ပျောက်ဆုံးနေ

နမ့်ဆန် ကလေးငယ် နှင့် အမျိုးသမီး (၁) ဦး မန္တလေးမြို့သို့ ဆေးသွားကုရင်း ပျောက်ဆုံးနေ
ပျောက်ဆုံးသွားသည့် အမျိုးသမီး
ပျောက်ဆုံးသွားသည့် အမျိုးသမီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ဘုရားကြီးကျေးရွာနေ အသက် (၃၅) နှစ် အရွယ်ရှိ မစုလှဖြူ (ခ) မဖြူဟာ လေးဖြတ်နာ ရောဂါဝေဒနာကို ခံစားနေရသူဖြစ်၍ ၎င်း၏ ကလေးငယ်တစ်ဦး နှင့် မန္တလေးမြို့သို့ ဆေးသွားကုသရင်း ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် မစုလှဖြူ နှင့် ၎င်း၏ အသက် (၂) နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသည် မန္တလေးမြို့သို့ ရောက်ရှိပြီး ဓမ္မိကာရာမကျောင်းတိုက်တွင် တည်းခိုခဲ့သည်။

ထို့နောက် ဆေးဝါးကုသရန်အတွက် စက်တင်ဘာ ၂၄ ရက်တွင် အောင်လံမိုးကားဂိတ်ဖြင့် မကွေးတိုင်း သရက်မြို့ကို ထပ်မံထွက်ခွာပြီးနောက် ဆက်သွယ်ပြတ်လပ်၊ ပျောက်ဆုံးသွားကြောင်း ၎င်း မစုလှဖြူ ၏ မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂၃ ရက် ညနေပိုင်း အဆက်သွယ်ပြတ်သွားတာ။ ဖုန်းအခါခါ ဆက်လို့လည်း မရဘူး။ ၂၄ ရက်နေ့တုန်းကလည်း ဓမ္မိကာရာမကျောင်းတိုက်က ကယ်ရီသမားကို မေးကြည့်တော့ အောင်လံမိုး လိုင်းကားကို ဖြတ်ပေးတယ်တဲ့။ ၂၅ ရက်ရောက်မှ အောင်လံမိုးကားဆရာကိုထပ်မေးပါတယ်။ သရက်မြို့က နန်းတော်ဦးတည်းခိုမှာချပေးခဲ့တယ်။ အဲ့နေ့စပြီး သရက်မြို့မှာ သူနဲ့ သူ့ကလေးပျောက်သွားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ မစုလှဖြူ နှင့် ၎င်း ကလေးငယ် တစ်ဦးကို တွေ့ရှိပါက ဖုန်းအဆက်သွယ်- 09 428 086 379, 09 445 057 842 အကြောင်းပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...