ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ

ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ
ကျောက်မီးသွေး တူးဖော်မည့် နေရာ
ကျောက်မီးသွေး တူးဖော်မည့် နေရာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကုမ္ပဏီ ၅ ခုလောက်က ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကျောက်မီးသွေး တူးဖော်ရန်အတွက် မြေတူးစက်၊ ၁၂ ဘီးကား စသည့် ပစ္စည်းများကို ချထားပြီး ဖြစ်ကြောင်း သိရသည်။

“သူတို့ ကျောက်မီးသွေးတူးဖော်ဖို့ သုံးတဲ့ပစ္စည်းတွေ လာချထားတာ တစ်လ လောက်ရှိနေပြီ။ တူးတော့ မတူးသေးဘူး။ တူးဖို့တော့ ပြင်ဆင်နေပြီ။ လာတူးမဲ့ ကုမ္ပဏီက ၅ ခုလောက်ရှိတယ်။ ကုမ္ပဏီ နာမည်တွေတော့ မသိရသေးဘူး” ဟု ကျေးသီးမြို့နယ် ဒေသခံတစ်ဦး ကပြောသည်။ ‘

မိုင်းကောင်ဒေသသည် ယခင်က NLD အစိုးရလက်ထပ်တွင် ကျောက်မီးသွေးတူးဖော်ရန် စမ်းသပ်ခဲ့သော်လည်း တူးဖော်မှုမရှိဘဲ လက်ရှိ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်တူးဖော်လာခဲ့ကြောင်း သိရသည်။

ထိုသို့ လက်ရှိ တူးဖော်ရာတွင်လည်း ဒေသတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် အဖွဲ့စည်းကလည်း ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

“အရင်ကတော့ တူးဖော်ဖို့ လာစမ်းသပ်တာပဲရှိတယ်။ မတူးဘူး။ အခုတော့ လာတူးတော့မယ်။ တူးတဲ့အထဲလည်း စစ်ကောင်စီက ကုမ္ပဏီတွေကော၊ ပြီးတော့ SSPP လည်းပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုကျောက်မီးသွေးကို မတူးဖော်ရန် ပြည်သူများက တောင်းဆိုသော်လည်း ကုမ္ပဏီများက လက်မခံကြောင်း မိုင်းကောင် ဒေသခံက ဆိုသည်။ ကျောက်မီးသွေးတူးဖော်မှုကြောင့်လည်း ပြည်သူများက သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်မည်ကိုလည်း စိုးရိမ်နေကြသည်။

မိုင်းကောင်ကျေးရွာသည် ကျေးသီးမြို့ နှင့် (၈) မိုင်သာ ကွာဝေးကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...