Kpay အကောင့် ဝင်ငွေ၊ ထွက်ငွေများ သူများ ပိတ်ခံရပြီး အမှုဖွင့်ခံထားရ

Kpay အကောင့် ဝင်ငွေ၊ ထွက်ငွေများ သူများ ပိတ်ခံရပြီး အမှုဖွင့်ခံထားရ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ် ကျော်ကာလအတွင်းတွင် Kpay အကောင့် မှ ငွေကြေးအဝင်အထွက်များသည့် အကောင့်များကို ပိတ်သိမ်းပြီး အမှုဖွင့် စစ်ဆေးခံရကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲတွင် အဆောင်ဖွင့်ထားသည့် ကျောင်းဆရာတစ်ဦး၏ Kpay အကောင့်သည် ငွေကြေး အဝင် အထွက် များသောကြောင့် အကောင့်ပိတ်ခံလိုက်ရပြီး လက်ရှိမှာ အမှုဖွင့်ခံထားရကြောင်း သိရသည်။

“ကျနော့်အကောင့် က ပိတ်ခံလိုက်ရတာ။ ငွေကြေး အဝင် အထွက်များလို့ မရိုးသားလို့ဆိုပြီးပိတ်လိုက်တာ။ ကျနော်က အဆောင်ဖွင့်ထားတယ်။ ပြီးတော့ တစ်ချို့က အလှူရှင်တွေဆိုရင်လည်း Kpay နဲ့ လက်ခံတယ်။ ပြီးတော့ ကျနော့်ကို အမှုဖွင့်ပြီး စစ်ဆေးနေတယ်” ဟု ဆီဆိုင်မြို့နယ်က အဆောင်ပိုင်ရှင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ Kpay အကောင့်ကို ပိတ်ခံလိုက်ရသည့် အပြင် ဖုန်းဆင်းကဒ်ကိုပါ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ထိုသို့ အဆောင်ပိုင်ရှင်က Kpay ပိတ်ခံရလိုက်သောကြောင့် ဗဟိုဘဏ်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဗဟိုဘဏ်မှ “ မင်းအကောင့်က အဝင်များတယ်။ အထွက်များတယ်။ မရိုးသားလို့ပိတ်လိုက်တာ။ မင်းရိုးသားရင်တော့ မင်းအကောင့် ပြန်ရမယ်။ မရိုးသားရင် တရားရုံးနဲ့ဖြေရှင်းရမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ ထိုအဆောင်ပိုင်ရှင်သည် ငွေကျပ် သိန်း (၄၀၀) ပိတ်သိမ်း ခံလိုက်ရကြောင်း သိရသည်။

“ ကျနော်ပိုက်ဆံ သိန်း (၄၀၀) လောက်သိမ်းသွားတယ်။ အဲ့တာတွေက အိမ်ဆောက်ဖို့ လုပ်ထားတာ။ သူတို့တော့ (၅၀) ည နဲ့ အမှုဖွင့် ထားတာပါ။ ကျနော်တော့ အမှုမရင်ဆိုင်ဘူး။ ရင်ဆိုင်လည်း ကိုယ်ပိုက်ဆံက ပြန်ရမှာမဟုတ်ဘူး” ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီကလည်း Kpay အကောင့်များကို အဆင့် (၂) အထိ မမြင့်ထားသည့် အကောင့်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် နှင့် မကိုက်ညီသည့် နံပါတ်များကိုလည်း အကောင့်ပိတ်သွားမည် ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် Kpay အကောင့် သုံးသူတစ်ချို့က ပိတ်ခံရပြီး တစ်ချို့က ငွေလိမ်လည်ခံရကြောင်း သိရသည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...