နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျေးရွာများထဲတွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်တင်းလာသဖြင့် ပြည်သူများက တိုက်ပွဲထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအုပ်စု နှင့် ကုလားကွဲ ကျေးရွာအုပ်စုထဲတွင် စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းလာကြောင်း သိရသည်။

အလားတူ မန္တလေး PDF ဘက်တွင်လည်း အင်အားဖြည့်လာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“စစ်ကောင်စီကလည်း အခုနောက်ပိုင်း အင်အားတွေ အများကြီးဖြည့်လာတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာပဲ အင်အားတွေ ဖြည့်လာနေတာ။ ပြီးတော့ PDF ဘက်ကလည်း အင်အားဖြည့်တယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်မှာကိုပဲကြောက်တယ်” ဟု ဒိုးပင်ကျေးရွာအုပ်စုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခု ကာလသည် စိုက်ပျိုရေး လုပ်ဆောင်ရသော အချိန်ဖြစ်သဖြင့် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေတော့ အနည်းငယ်ရှိတယ်။ သူတို့အခုက တောတွေထဲမှာ လှုပ်ရှားတာများတယ်။ တောတွေထဲပဲသွားနေတာ။ ဖြစ်နိုင်ရင်တော့ ကျနော်တို့က တိုက်ပွဲမဖြစ်စေချင်ဘူး။ အခုက စိုက်ပျိုးရေးချိန်လည်းဖြစ်တယ်။ တိုက်ပွဲဖြစ်ရင် ကျနော်တို့အတွက် စားဝတ်နေရေးက ခက်ခဲလာတယ်” ဟု အထက်ပါ အမျိုးသား ကပြောသည်။

နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာ၊ ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာအတွင်းရှိ တိုက်ပွဲငြိမ်သက်မှုကြောင့် တစ်ချို့စစ်ဘေးရှောင်များက နေရပ်ကို ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မန္တလေး PDF တို့သွားလာလှုပ်ရှားမှုရှိသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Most read this week

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...