ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာနေ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့နယ်၊ ကလော့ကျေးရွာနေ ဦးနိုင်ဦး ဆိုသူသည် စက်တင်ဘာ ၂၄ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင်အချိန့်က ပစ်သတ်ခံရခြင်း ဖြစ်သည်။

ဦးနိုင်ဦးသည် ရော်ဘာခြံသို့အသွား လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ကလော့ဒေသခံတစ်ဦးက “ရော်ဘာခြံသွားတဲ့လမ်းမှာ အပစ်ခံရတယ်၊ ပြီးတော့ သူတို့ (စစ်တပ်) က ရွာထိပ်မှာ လာထားသွားတယ်” ဟု ပြောသည်။

လုံခြုံရေး အကြောင်းပြချက်ဖြင့် လမိုင်းမြို့က ပရဟိတလူငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ပစ်သတ်ခဲ့သေးသည်။

ရေးမြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာသည့်နောက် စစ်ကောင်စီတပ်က ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း သွားလာခြင်း မပြုလုပ်ရန် ကန့်သတ်ထားသည်။

ထိုသို့ကန့်သတ်ထားမှုကြောင့် ရော်ဘာခြံစိုက်ပျိုးရေး လုပ်ငန်း အဓိက လုပ်ကိုင်နေကြသည့် ဒေသခံများအတွက် အခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံများ က ပြောသည်။

”ညမထွက်ရအမိန့်နဲ့ ရော်ဘာခြစ်သမားတွေ ဘာမှ လုပ်စားလို့မရဘူး၊ ညပိုင်းမပြောနဲ့ နေ့ခင်းပိုင်းတောင် သွား လာရတာ မလုံခြုံနေဘူး။ ပစ်သတ်ချင် ပစ်သတ်သွားမယ်။ ဖမ်းချင်ဖမ်းသွားမယ်။ အဲလိုမျိုး အခြေအနေပါ” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် ပြီးခဲ့သည့် စက်တင်ဘာလ တုန်းကလည်း လုံခြုံရေး အကြောင်းပြပြီး ခေါဇာမြို့က စိတ်ဝေဒနာရှင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက ဒေသခံများကို ပစ်သတ်သည့်ဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...