PNLA တပ်သားများကို သတ်ရန် အမိန့်ပေးသည်ဆိုသော PNA တပ်မှူး သေဆုံး

PNLA တပ်သားများကို သတ်ရန် အမိန့်ပေးသည်ဆိုသော PNA တပ်မှူး သေဆုံး

မကြာသေးမီက ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တပ်သား ၅ ဦး သတ်ဖြတ်မှုတွင် အမိန့်ပေးသူဟု စွပ်စွဲခံရသည့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ရင်း - ၁ ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးခင်မှာ ရုတ်တရက် ဦးနှောက်သွေးကြော ပြတ်ပြီးနောက် ၎င်း၏နေအိမ်၌ပင် သေဆုံးသွားသည်ဟု ဆွေမျိုးနီးစပ်သူများ၏ ပြောပြချက် အရ သိရသည်။

“သူက အရင်ကတည်းက သွေးတိုးရောဂါအခံ ရှိတယ်။ အရက်လည်း သောက်တော့ ပိုဆိုးတယ်။ အစားအ သောက်လည်း မဆင်ခြင်ဘူး။ ဆေးရုံခေါ်သွားတော့ ဆေးရုံက လက်လျှော့လိုက်တာ။ အိမ်ကိုခေါ်ပြန်လာတော့ မိုးလင်းတာနဲ့ သေသွားတယ်” ဟု ဆွေမျိုးနီးစပ်သူ တစ်ဦး က ပြောသည်။

ဗိုလ်မှူးခင်မှာ ပင်လောင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ရုတ်တရက် သွေးတိုးလာသည့်အတွက်ပြီးခဲ့ သည့် စက်တင်ဘာလ ၂၁ ရက်နေ့၊ ညနေပိုင်းတွင် မိသားစုဝင်များက တောင်ကြီးမြို့ရှိ ဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ရသည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

ထို့နောက် ဆေးရုံမှ လက်လျှော့ကာ ဆင်းခွင့်ပြု၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ ပြန်ရောက်ပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၄ နာရီ ၂၈ မိနစ်တွင် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆွေမျိုးနီးစပ်သူများက ပြောသည်။

ဗိုလ်မှူးခင်ဆိုသူမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တပ်ဖွဲ့ဝင် ၅ ဦးနှင့် အရပ်သား တစ်ဦးတို့ကို ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာတွင် ဖမ်းဆီးသတ်ဖြတ်ရန် ပအိုဝ်း ပြည် သူ့စစ် (PNA) ခေါင်းဆောင်များဖြစ်သည့် ခွန်သိန်းဖေနှင့် ခွန်မြင့်အောင်တို့အား အမိန့်ပေးခဲ့သူ ဖြစ်သည်ဟု ရွာခံ ပြည်သူများက ပြောသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက်တွင်လည်း အလောင်းများကို မိသားစုဝင်များထံသို့ ပြန်ပေးခြင်းမရှိပဲ ပင်လောင်းမြို့ နယ်၊ တွူးတန်ကျေးရွာ၊ အနောက်မြောက်ဘက် တောအုပ်ရှိ ကြယ်တွင်းထဲသို့ ပစ်ချရန် စေခိုင်းခဲ့ကြောင်း ရွာခံ ပြည်သူများက ပြောသည်။ ထို့ကြောင့် သတ်ဖြတ်ခံလိုက်ရသည့် PNLA တပ်ဖွဲ့ဝင်၅ ဦး၏ မိသားစုများမှာ ၎င်းတို့ ၏ ဓါတ်ပုံများဖြင့်သာ နာရေးကို ကျင်းပခဲ့ကြရသည်ဟု နီးစပ်သူများက ဆိုသည်။

အသက် ၃၀ အရွယ်ရှိ ဝါးပြုံးရွာခံ အမျိုးသားတစ်ဦးက “သေသွားတာ နားအေးတာပေါ့။ ဒီလူကို ဘယ်ပအိုဝ်းမှ မထောက်ခံဘူး။ သေနတ်ကိုင်ပြီး ရမ်းကားနေတဲ့ကောင် သေတာတောင် နောက်ကျနေသေးတယ်” ဟု ပြော သည်။

ဗိုလ်မှူးခင်မှာ ယခင်ကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် မူးယစ်ဆေးကို အကြောင်းပြ၍ လူငယ်များကို မကြာခဏ ဖမ်းဆီးကာ ငွေတောင်းခြင်း၊ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ဆက်ကြေးအခွန်များ ကောက်ခြင်း၊ လောင်းကစားဝိုင်းများအား ခွင့်ပြုခြင်း၊ ပအိုဝ်းပြည်သူများအား သေနတ်ပြ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

PNLO/PNLA တပ်ဖွဲ့ဝင် ၅ ဦးနှင့် အရပ်သားတစ်ဦးအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်မှုကို ပအိုဝ်း အမျိုး သား အဖွဲ့ချုပ်/ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) အနေဖြင့် ယနေ့အထိ တောင်းပန်ခြင်း၊ တစ်စုံတစ်ရာ အရေးယူ ဖြေရှင်းပေးခြင်းများ မရှိသေးဘူးဟု ဆိုသည်။

ယခု ဗိုလ်မှူးခင် သေဆုံးမှုမှာလည်း PNO အနေဖြင့် လက်စဖျောက် နှုတ်ပိတ်သည့်သဘောမျိုးဖြင့် လုပ်ကြံလိုက် ခြင်း ဖြစ်နိုင်သည်ဟု ပအိုဝ်းပြည်သူများက အွန်းလိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားနေကြ သည်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...
March 15, 2024
စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား...
March 8, 2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက...
March 8, 2024
ရှမ်းမြောက် မိုးမိတ်တိုက်ပွဲထဲ အရပ်သား နေအိမ် အများအပြားပျက်စီးသွား၍ ဒေသခံ စစ်ရှောင်အများစု...