သတင်းပေးဆိုသူ အသတ်ခံရပြီးနောက် ဒေသခံ ၄၀ ကျော်ကို စစ်တပ်က ဖမ်း

သတင်းပေးဆိုသူ အသတ်ခံရပြီးနောက် ဒေသခံ ၄၀ ကျော်ကို စစ်တပ်က ဖမ်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အတွင်း စစ်တပ်နှင့် ရဲသတင်းပေးဆိုသူ စစ်ကောင်စီခန့် ဇရပ်လှကျေးရွာ က အုပ်ချုပ်ရေးမှူး ပစ်သတ်ခံ ပြီးနောက် ၁၀ ရက်အတွင်း ဒေသခံ ၄၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့က အုပ်ချုပ်ရေးမှူးအား ပစ်သတ်ခံလိုက်ရ သည်နှင့် ပတ်သက်၍ မသင်္ကာသည့် အထက်အောက် အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။

“အုပ်ကြီးကို သတ်သွားတဲ့သူက အနက်ရောင် ဝတ်ထားတယ်ဆိုလို့ လိုက်ရှာနေကြတာ။ အခုထိတော့ ရှာမတွေ့ သေးဘူး” ဟု ရဲတပ်ဖွဲ့ နှင့်နီးစပ်သူ တစ်ဦး က ပြောသည်။

ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းဝင်း မှာ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း က ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံတာကျေးရွာအနီး ရေကြည် - ငသိုင်း လမ်းမပေါ် တွင် ပစ်သတ်ခံ လိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများ၊ ပျူစောထီးများ နှင့် သတင်းပေး ဒလန်များက ရပ်ကွက်များ ထဲတွင် သာမက ကျေးရွာများမှာလည်း အနက်ရောင် ဝတ်စုံဝတ်သည့် လူငယ်ကို လိုက်လံ စုံစမ်းနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် မြို့ဝင် မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင်လည်း လူငယ်များကို အဓိက ထားပြီး စစ်ဆေး မေးမြန်း မှုများ ပြုလုပ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

“ပျူစောထီး နဲ့ သတင်းပေး ဒလန်တွေ ခြေရှုပ်နေတာ တကယ်တော့ အင်္ကျီအဝတ်အစားက ဘယ်သူမဆိုလဲ လိုက်လို့ရတာပဲဟာ။ အဓိက က လုပ်ကြံ သတင်းပေးလို့ အဖမ်းခံရပြီး ငွေညှစ်ခံရမှာကို အများစုက စိုးရိမ်နေ ကြတယ်” ဟု မြို့ခံတစ်ဦး က ပြောသည်။

ဇရပ်လှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းဝင်း ကို ရိုးမတိုက်ဂါး တော်လှန်ရေး တပ်ဖွဲ့ က ၎င်းတို့ပစ်သတ်ခဲ့ပြီးနောက် ယင်း စစ်ဆင်ရေး၌ ဆောင်ရွက်ခဲ့ သူများမှာ ဘေးကင်းရာသို့ ပြန်ရောက်နေပြီဟု သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ရုပ်ကြမ်းကြမ်း မျက်နှာ အမာရွတ်ရှိသည့် PDF တစ်ဦး ပုသိမ်မြို့ တွင်းသို့ ဝင်ရောက်လာသည် ဆိုကာ မြို့အဝင်အထွက် လမ်းများ နှင့် မြို့တွင်းလမ်းများကို စစ်တပ်က ပိတ်ဆို့ ၍ စစ်ဆေးရှာဖွေခဲ့ဘူးသည် ဟု မြို့ခံများက ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...