မောရဝတီ ရေတပ်ဌာနချုပ်မှ ဆေးဗိုလ်မှူးနှင့် တပ်သား ၁၀ ဦး ထွက်ပြေး

မောရဝတီ ရေတပ်ဌာနချုပ်မှ ဆေးဗိုလ်မှူးနှင့် တပ်သား ၁၀ ဦး ထွက်ပြေး

မောရဝတီ ရေတပ်ဌာနချုပ်မှ ဆေးဗိုလ်မှူး တဦး အပါအဝင် စစ် ကောင်စီ တပ်သား ၁၀ ဦး စက်တင်ဘာလ ဒုတိယပတ်တွင် လက်နက်များဖြင့် ထွက်ပြေးပျောက်ဆုံးနေသည် ဟု တပ်တွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

အဖွဲ့လိုက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် မောရဝတီ ရေတပ်ဌာနချုပ်မှ အပူတပြင်း လိုက်ရှာနေသော်လည်း ၁၀ ရက်ကြာလာသည် အထိ ရှာမတွေ့သေးဘူးဟု သိရသည်။

ထိုတပ်ရင်းနှင့် နီးစပ်သူ အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက “ထွက်ပြေးသွားတဲ့ ဆယ်ယောက်ထဲမှာ လက်နက် ပါသွားတဲ့ သူတွေရှိသလို လက်နက်မပါတဲ့သူတွေလည်း ရှိ တယ်။ တပ်ထဲမှာ အရမ်း ဖိနှိပ်လာတော့ အခုလို အခွင့်ရေးရတာနဲ့ ထွက်ပြေးသွားတာပါ” ဟု ပြောသည်။

မောရဝတီ ရေတပ်ဌာနချုပ်မှ ဆေးဗိုလ်မှူး တဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးတို့သည် စက်တင်ဘာ လ ၁၄ ရက်နေ့၊ ညပိုင်းက လက်နက်များဖြင့် ထွက်ပြေးပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု တပ်တွင်းသတင်း အရင်းအမြစ်များက ပြောသည်။

ရေတပ်သားများ ထွက်ပြေးလွတ်မြောက်သွားသည့်နေ့မှ စတင်ပြီး တပ်ရင်းအနီးတဝိုက်က ကျေးရွာများ၊ ကံ ပေါက် လမ်းဆုံလမ်းခွနှင့် လမ်းသွားလမ်းလာများကို နေ့စဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများက စစ်ဆေးမှု များပြုလုပ်လျက် ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကလည်း ကံပေါက်အခြေစိုက် ခလရ ၂၇၃ ခြေလျင်တပ်ရင်းမှ တပ်သား ၃ ဦး လည်း ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...