အသက် (၁၀) နှစ်ပြည့် နိုင်ငံရေး စိစစ်ရေးကတ်ပြား မဖြစ်မနေ ပြုလုပ်ရန် စစ်ကောင်စီက ထုတ်ပြန်

အသက် (၁၀) နှစ်ပြည့် နိုင်ငံရေး စိစစ်ရေးကတ်ပြား မဖြစ်မနေ ပြုလုပ်ရန် စစ်ကောင်စီက ထုတ်ပြန်

မိဘပြည်သူများ၏ နိုင်ငံရေး စိစစ်ရေးကတ်များ နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) အရ သက်ဆိုင်ရာ မြို့နယ် လဝကရုံးများသို့ နိုဝင်ဘာ (၁) ရက်တွင် နောက်ဆုံးထားပြီး ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

အသက် (၁၀) နှစ်ပြည့်ပြီးလျှင် နိုင်ငံရေး စိစစ်ရေးကတ် မပြုလုပ်ရသေးသော သူများသည် မဖြစ်မနေ သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း မပြုလုပ်ပါက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှအရ သိရသည်။

အဆိုပါ အောက်တိုဘာ ၁ ရက်နေ့အထိ ကတ်အပိုများ အပ်နှံထားခြင်း မပြုလုပ်လျှင် နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ပြား ကိုသာ အတည်ပြုပြီး ယခင်နိုင်ငံသားကတ်ပြားဟောင်းကို ပယ်ဖျက်စာရင်းသွင်းမည် ဖြစ်ကြောင်း ဆိုသည်။

“သူတို့က လုပ်ချင်သလို လုပ်နေတာ။ အခုလုပ်နေတဲ့ ပုံစံက (၂၀၂၃) မှာ မဲစာရင်းအတွက် ပေးသွင်းချင်တာ တကြောင်း၊ ပြီးတော့ ပြည်သူ့ကာကွယ်ရေး PDF ကို ထောက်ပံ့တဲ့သူကို စာရင်းတိတိကျကျ ရဖို့အတွက် လုပ်တယ်။ မဖြစ်မနေ အသက် (၁၀) နှစ်ပြည့်လို့ မှတ်ပုံတင်လုပ်ရမယ်ဆိုတာက မဲစာရင်းသွင်းဖို့အတွက် လုပ်နေတယ်လို့တော့ ယူဆတယ် “ ဟု တောင်ကြီးမြို့ အသက် ၆၀ နှစ်ကျော် အရွယ်ရှိ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစံ ၆၆/၆ (အထစ) အရ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးနေသူများ၊ မှတ်ပုံတင်မှ (အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ အမိအမည်) ကွဲလွဲခြင်းများ၊ မှတ်ပုံတင် အပိုကိုင်ဆောင်ထားသူများ၊ အမျိုးသား မှတ်ပုံတင် သက်သေခံကတ်ပြား (အမတ) ကိုင်ဆောင်ထားသူများ နှင့် အခြားတစ်ဦးမှ မိမိမှတ်ပုံတင်ကို ကိုင်ဆောင်ထားခြင်းများကို သက်ဆိုင်ရာ မြို့နယ်လဝက ရုံးသို့ တိုင်ကြားရမည်ဖြစ်ကြောင်း ဆိုသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...