KBZ Pay level ၂ အကောင့်များ ပိတ်သိမ်းခံနေရ

KBZ Pay level ၂ အကောင့်များ ပိတ်သိမ်းခံနေရ

ဗဟိုဘဏ်မှ KBZ Pay Level 1 နှင့် 1.5 အဆင့်များအား ပိတ်သိမ်းမည်ဟု ထုတ်ပြန်ပြီးသည့်နောက်တွင် Level 2 အဆင့်များပါ အကြောင်းမဲ့ ပိတ်သိမ်းမှုများ ရှိနေသည်ဟု KBZ Pay သုံးစွဲနေသူများက ပြောသည်။

ဗဟိုဘဏ်မှ KBZ Pay Level 2 မဟုတ်သည့် အဆင့်များအား ပိတ်သိမ်းမည်ဟု စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ ငွေလွဲပြောင်းမှု/ငွေလက်ခံမှု (Transition) များသည့် Level 2 အကောင့်များကိုပါ ပိတ်သိမ်းခံနေရသည်ဟု KBZ Pay သုံးစွဲနေသူများက ပြောသည်။

တောင်ကြီးမြို့က online မှ စျေးရောင်းသည့် အလုပ်လုပ်နေသည့် KBZ Pay အစဉ်သုံးစွဲနေသူ အမျိုးသမီးတစ်ဦး က “ကျမက အွန်လိုင်းရှောပ့်လုပ်တာပါ။ တစ်ရက်လွှဲရတဲ့ ပမာဏက အနည်းဆုံး သိန်း ၂၀ ကျော်တယ်။ သုံး လာတာလည်း ၆ နှစ်လောက်ရှိပြီ။ ဒီမနက်ရောက်တော့ ငွေလွှဲလို့ မရတော့ဘူး။ လက်ခံလို့လည်းမရဘူး။ ဘဏ် ၁ ကို သွားတော့ ရုံးချုပ်ကို စာတင်ရမယ်ပြောတယ်။ နည်းနည်းတော့ စောင့်ကြည့်ပေးဆိုလို့ စောင့်နေတာ။ ကျမလည်း အလုပ်ရှုပ်မခံနိုင်ဘူးလေ” ဟု ပြောသည်။

ထိုသို့ ပိတ်သိမ်းခံရသူများမှာ ၎င်းတစ်ဦးတည်းသာ မဟုတ်ပဲ တောင်ကြီးမြို့အတွင်း ငွေလွဲပြောင်းမှု/ ငွေလက်ခံ မှု (Transition) များသည့် အကောင့်အများစု ပါဝင်သည်ဟု သိရသည်။

KBZ Pay သုံးစွဲသူအချို့ကိုလည်း PDF အဖွဲ့များကို ထောက်ပံ့သည်ဟု သံသယရှိသောကြောင့် ပိတ်သိမ်းနေခြင်း ဖြစ်သည်ဟု ဝေဖန်ပြောဆိုမှု များလည်း ရှိနေသည်။

ယခုကဲ့သို့ KBZ Pay Level 2 အကောင့်များ ပိတ်သိမ်းမှုနှင့် စပ်လျဉ်း၍ တောင်ကြီးမြို့ ဘဏ် ၁ အား ဆက်သွယ် မေးမြန်းရာတွင် “ကျမတို့ ဘလိုင်းကြီးတော့ မပိတ်ပါဘူး။ အွန်လိုင်းရှော့ လုပ်တဲ့သူတွေလိုမျိုး Transition များ ရင်တော့ Add notes လေးမှာ ဘာကြောင့်လွှဲတယ်ဆိုတာမျိုး ထည့်ရေးပေးရင်တော့ အဆင်ပြေတာပေါ့နော်။ ဥပမာ ဒီအထည်ဖိုး အတွက် ဘယ်လောက်၊ ဘယ်ပစ္စည်းအတွက်က ဘယ်လောက်ဆိုတာမျိုးပေါ့။ မဟုတ်ရင် တော့ ရုံးချုပ်က သံသယရှိမှုနဲ့ လှမ်းပိတ်တာပေါ့နော်။ အဓိကတော့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရ တာမျိုးတော့ ရှိတာပေါ့နော်” ဟု ပြောသည်။

သို့သော် KBZ Pay ပိတ်သိမ်းမှုများမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် နွေဦးတော် လှန်ရေးကာလ စတင်ကတည်းက CDM ဝန်ထမ်းများနှင့် PDF များကို ထောက်ပံ့သည်ဟု သံသယရှိသူများ၏ အကောင့်များ ပိတ်သိမ်းခံခဲ့သည်။

ယခုကဲ့သို့ ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်ပြီးနောက် ပိတ်သိမ်းခံရမှုက ပိုများလာသည်ဟု သုံးစွဲသူများက ပြောသည်။

ထိုမျှသာမက ဖုန်းအော်ပရေတာများတွင် မှတ်ပုံတင်ထားသည့် အမည် နှင့် KBZ Pay ဖွင့်ထားသည့် အမည် မတူ ညီသည့် အကောင့်များကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ပိတ်သိမ်းနေသည်ဟု သုံစွဲသူများက ပြောသည်။

“ကိုယ်က ငွေလွှဲရင် Notes မှာရေးရမယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။ ကိုယ့်အကောင့် ကိုယ်ကြိုက်တာ လွှဲခွင့် ရှိ ရမယ်။ နောက်ပြီး လွှဲတဲ့သူကလည်း အမှန်မရေးနိုင်ဘူး။ PDF ကိုလွှဲရင်လည်း ဘယ်သူက အမှန်ရေးမှာလဲ။ ဒါ တွေက စစ်ကောင်စီ သွေးရူးသွေးတမ်းလျှောက်လုပ်တာပါ။ ငွေလည်ပတ်စီးဆင်းမှု နှောင့်နှေးတာအပြင် ဘာမှ အဓိပ္ပါယ်မရှိပါဘူး” ဟု တောင်ကြီးမြို့ရှိ KBZ Pay သုံးစွဲသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြော သည်။

လက်ရှိတွင် KBZ Pay မည်သည့် Level သုံးစွဲသူများကို မဆို ငွေလွဲပြောင်းမှု/ငွေလက်ခံမှု (Transition) များပါက PDF များအား ထောက်ပံ့သည်ဟု သံသယမှုဖြင့် ဗဟိုဘဏ်မှ ပိတ်သိမ်းနေခြင်း ဖြစ်သည်။

သို့သော်လည်း KBZ Pay မှာ ကွန်ယက်အများဆုံး ဖြန့်ကြက်ထားနိုင်သည့် Electronic Pay ဖြစ်သည်နှင့်အညီ တစ်နိုင်ငံလုံး၏ လူဦးရေ တစ်ဝက်ကျော်ခန့်က သုံးစွဲနေကြသောကြောင့် တော်လှန်ရေး တက်ကြွလှုပ်ရှားသူ များကလည်း သည်းခံ၍ သုံးစွဲနေရသည်ဟု ပြောကြသည်။

ထို့အပြင် ကုန်သည်ကြီးများနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများကလည်း မကြာခဏ KBZ Pay အကောင့် ပိတ်သိမ်းခံရခြင်းကြောင့် ငွေလည်ပတ် စီးဆင်းမှု နှောင့်နှေးပြီး ကုန်ဈေးနှုန်း ထပ်တက်မည်ကို စိုးရိမ်နေကြ သည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...