မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦး ခြံသွားရင်း မြေမြှုပ်မိုင်းနင်းမိ

မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦး ခြံသွားရင်း မြေမြှုပ်မိုင်းနင်းမိ
မိုင်းကိုင်ဒေသခံ မိုင်းနင်းမိ
မိုင်းကိုင်ဒေသခံ မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းယွမ်းကျေးရွာအုပ်စု နောင်ပတ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦး ခြံသွားရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ် နောင်ပတ်ကျေးရွာတွင် စက်တင်ဘာ ၁၃ နေ့လည် ၃ နာရီဝန်းကျင်၌ အသက် (၂၆) နှစ် အရွယ်ရှိ စိုင်းကုဆလ သည် ခြံသို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက် ပျက်စီးသွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာတွေအများကြီးရတယ်။ လက်တွေမှာကော၊ ခန္ဓာမှာကော ဒဏ်ရာတွေပြည့်နေတယ်။ ပြီးတော့ ခြေထောက်တစ်ဘက်လည်း ကျိုးသွားတယ်။ သူက ခြံသွားတုန်းက တစ်ယောက်ပဲသွားတာ။ မိုင်းနင်းမိပြီးတော့ သူများလာတွေ့လို့ ခေါ်လာလိုက်တာ” ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့် စိုင်းကုဆလ ကို လက်ရှိမှာ လားရှိုးဆေးရုံသို့ပို့ဆောင်ထားပေးကြောင်း သိရသည်။

“ အစတော့ သူ့ကို နမ့်လန်ဆေးရုံကို ပို့ထားပေးလိုက်တာဖြစ်တယ်။ သူတို့ရွာကနေဆိုရင် နမ့်လန်က ပိုနီးလို့ အဲနားပို့လိုက်တာ။ နမ့်လန်က ဆေးရုံကို မနိုင်လို့တဲ့ ။ အခုတော့ သူ့ကို လားရှိုးဆေးရုံကို ပို့ထားလိုက်ပြီ” ဟု အထက်ပါ ဒေသခံ က ဆိုသည်။

စိုင်းကုဆလ သည် ကလေးငယ် (၂) ဦး၏ ဖခင်ဖြစ်ပြီး၊ မိသားစုဝင်များအတွက် ဝင်ငွေ ရှာဖွေပေးနေသည့် သူဖြစ်ပြီး၊ လက်ရှိမှာ ဆေးကုသရန်ခက်ခဲနေကြောင်း သိရသည်။

“ သူက ကလေးငယ် (၂) ယောက်ရှိထားတယ်။ တစ်ယောက်က ၆ နှစ်လောက်ပဲရှိထားတယ်။ အိမ်ကိုလည်း ရှာကျွေးနေတော့ အခုက သူဆေးကုသဖို့ အခက်ခဲဖြစ်နေတယ်” ဟု စိုင်းကုဆလ နှင့် နီးစပ်သူက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း လက်ရှိမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...