ဟုမ္မလင်းမြို့နယ်ထဲက ဝန်ထမ်းတွေ CDM ပြုလုပ်ဖို့ ဒေသန္တရအမိန့်ထုတ်

ဟုမ္မလင်းမြို့နယ်ထဲက ဝန်ထမ်းတွေ CDM ပြုလုပ်ဖို့ ဒေသန္တရအမိန့်ထုတ်

ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ Non CDM ဝန်ထမ်းတွေ အလင်းဝင်ဖို့ ဒေသန္တရအမိန့်တစ်ခုကို ဟုမ္မလင်းပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

NUG ရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ထုတ်ပြန်ကြေညာတာလို့လည်း ဆိုပါတယ်။

အချက်နှစ်ချက်ပါတဲ့ ဒေသန္တရအမိန့်ထဲမှာ ဟုမ္မလင်းမြို့နယ်အတွင်းက Non CDM ဝန်ထမ်းတွေ အလင်းဝန်ဖို့ နဲ့ CDM တွေကို ခြိမ်းခြောက်တာ၊ အနှောက်အယှက်ပေးတာ နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ် ကိုင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ကမှာလည်း ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေအားလုံး နှုတ်ထွက်ကြဖို့ ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

သို့ပေမယ့်လည်း အုပ်ချုပ်ရေးအဖွဲ့တွေက နှုတ်ထွက်ခြင်းမရှိသေးတာကို တွေ့ရှိနေရဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက တခြားမြို့နယ်တွေမှာလည်း ဝန်ထမ်းတွေ CDM ပြုလုပ်ဖို့ ညွှန်ကြားစာထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးတည်ထောင်ထားတဲ့ မြို့နယ် ၂၉ မြို့နယ်ရှိတယ်လို့ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ တစ်နှစ်ပြည့် အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...